ကိုယ့်ရှေ့အနည်းငယ် မှောင်ရိပ်ကျသွားသည်မို့
မော့ကြည့်လိုက်သည်။ဟင့်!
လီလီ...?
" လီ သိလား။ မန်ဒူ အိမ်မက်ထဲမှာ လီကမန်ဒူရှေ့ရပ်နေတာတဲ့။ပြီးတော့ လီ ကိုယ့်ပေါ်က Long coat ကိုမန်ဒူကိုခြုံပေးတယ်။
လီ ကိုယ့်သင်းနံနဲ့ ဒီအကျီက မန်ဒူ အတွက်အရမ်းနွေးတာဘဲသိလား။
ဒီအိမ်မက်က အရမ်းလှတယ် လီ။မိုးမလင်းချင်ဘူး။မိုးလင်းရင် အိမ်မက်ကပြေးထွက်သွားမှာ"မျက်တောင်လေး ခပ်မိရင်တောင် အိပ်မက်ကနိုးသွားမှာကြောက်တယ်။
လီ မျက်ဝန်းတွေကို ခုလိုဘဲ အကြာကြီးငေးကြည့်ချင်နေခဲ့တာ။
လီမျက်ဝန်းတွေဟာ အရင်လိုဘဲ မန်ဒူအပေါ်
ကြင်နာနွေးထွေးမူတွေနဲ့ပြည့်နှက်နေတုန်းပါဘဲ!" အိမ်ပြန်တော့... "
ချယ်ယောင်းလာမခေါ်ဘူးဆို မန်ဒူကို
ဒီနေရာမှာ ဘယ်လိုလုပ်ထားခဲ့နိုင်မှာလဲ။
မန်ဒူ ကဘာကြောင့်အိမ်ပြန်လမ်း မမှတ်မိရတာလဲ!Jennie Kim ကိုဘယ်လိုလုပ်မှာလဲ
သူကြည့်ရတာပုံမှန်မဟုတ်ဘူးနော်!ဟင်းးး!!
လီ ဘဝမှာသက်ပြင်းနဲ့တွဲသုံးရတဲ့စကားလုံးဟာ မန်ဒူ ဘဲဖြစ်ခဲ့ရသည်!လီ ကမန်ဒူကိုစကားပြောတယ်။
အိမ်ပြန်တော့တဲ့!
ပြန်မှာပေါ့ လီနှုတ်ကထွက်တဲ့စကားဟာ
မန်ဒူအတွက် အမိန့်ဆိုရင်တောင် ကျေနပ်တယ်။အိမ်ပြန်ရမယ်၊အိမ်ပြန်ရမယ်။
ဒါပေမယ့် သူ ဘယ်ကိုပြန်ရမှာလဲ!" ကျမ နဲ့အိမ်ကိုလိုက်ခဲ့မလား..."
ဟင့်!
ကိုယ့်ကို ဆိတ်ကြည့်မိတယ်။အား !
နာတယ်။အိမ်မက်မဟုတ်ဘူးဘဲ!မျက်ရည်တွေကပါးပြင်ပေါ် အဖော်အပေါင်းတွေနဲ့ပြေးဆင်းလာကြတယ်။
ကျမ ခုချိန်ထိ လီကိုမော့ကြည့်မိနေတုန်း။
အိမ်မက်လို့ ထင်နေတုန်း....." လီ...."
ကျမ ရဲ့ဘယ်ဘက်လက်ဖျားလေးတွေကို မန်ဒူဟာ သူရဲ့လက်နှစ်ဘက်နဲ့မရဲတရဲကိုင်လာတယ်။
နောက်တော့ လက်ဖဝါးတစ်ခုလုံး တင်းနေအောင်ဆုပ်ကိုင်လာတယ်။
ဖြုန်းဆိုမတ်တပ်ရပ်လျှက် လက်တွေကခါးပေါ်သိုင်းယှက်လာကာ၊ ရင်ခွင်ထဲမျက်နှာအပ်ပြီး တသိမ့်သိမ့်ရှိုက်ငိုလာသည်။
YOU ARE READING
လှပ်၍လွှင့်သော
Actionနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။