" ဘာ ချယ်ယောင်း မန်ဒူ က...."
လက်ထဲကဖုန်းကို တင်းကျပ်အောင်ကိုင်ထားသလို နှလုံးအိမ်တစ်ခုလုံးရော တင်းဂျပ်ပိတ်ဆို့နေလေသည်။
ညာဘက်လက်နဲ့စားပွဲထောင့်စွန်းကိုအားပြုကိုင်ထားရတယ်။
မျက်လုံးစုံမှိတ်လျှက် အသက်ကိုခပ်မျှင်းမျှင်း
ရှုထုတ်လိုက်တော့ ချယ်ရီရနံ့အောက်က စကားသံတစ်ချို့က သူနားစည်ကိုရိုက်ခတ်လာတယ်။' လီ စိတ်နဲ့ အကြိမ်ကြိမ် သေဖို့ကြိုးစားခဲ့တာ လီ သိရဲ့လား?
လီ မသိတာ ပိုကောင်းပါတယ်။
လီ ငိုရင်မန်ဒူ ဒီထက်အဆပေါင်းများစွာနာကျင်ရမှာ'!" လီလီ အဆင်ပြေရဲ့လား။ဘယ်သူဆီကဆက်တာလဲ။ဒီမှာခဏထိုင်လိုက်အုံး "
လဲပြိုကျမတတ်ဖြစ်နေတဲ့ လီလီကိုထိုင်ခိုင်းကာ လီလီ လက်ထဲကဖုန်းကိုElla ယူလိုက်သည်။
တစ်ဖက်ကလူရဲ့ 'ဟဲလို'ဆိုတဲ့အသံကဆီးကြိုနေလေသည်။" ဟဲလို ကျမ လီလီသူငယ်ချင်းပါ။
ခဏနေမှာ လီကိုပြန်ဆက်ပေးစေချင်ပါတယ်"တစ်ဖက်ကမိန်းကလေးက လီလီကိုဖုန်းပြန်
ခေါ်ပေးရန်ပြောသွားလေသည်။
ဘာတြွေဖစ်နေကြတာလဲ သူမသိပေမဲ့
လီလီ ပုံစံကြည့်ပြီးJennie အကြောင်းမှန်း
သူ ခန့်မှန်းလို့ရသည်။
ထိုစဉ်တံခါးဘဲလ်မြည်သံကြောင့် သူသွားဖွင့်လိုက်သည်။" ငယ်လေး.....ငါကိုကယ်ပါအုံး။
ငါ ကလေးကိုကယ်ပေးပါအုံး
ငါကို ကယ်နိုင်တာ နင်တစ်ယောက်ဘဲရှိလို့ပါ "တံခါးဖွင့်ပေးတဲ့ Ella ကိုအတင်းတိုးဝှေ့ဝင်လိုက်ပြီး ငယ်လေးရှေ့ဒူးထောက်ချလိုက်သည်။
ခုချိန် တစိမ်းတွေရှေ့လဲ သူမရှက်နိုင်တော့ပါ။" ငါအတ္တနဲ့မာနကို ငါကလေးအတွက်
နင် ရှေ့မှာခဝါချပြီး ဒူးထောက်တောင်းပန်တာပါ။ငါ ကလေးကိုကယ်ပေးပါ ငယ်လေး "မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာဟာ
အရာအားလုံးအောက် ဒူးထောက်ဝပ်တွားစေသည်။မာနတွေကိုခေါက်ရိုးကျိုးစေခဲ့တယ်။
အံဩမူတွေနဲ့ ငုံကြည့်နေတဲ့ ငယ်လေးရဲ့
ခြေကို လှမ်းကိုင်လိုက်သည်။" Ban နင် ဒါဘာလုပ်တာလဲ။
ငါကိုအပြစ်လာပေးနေတာလား "ခြေထောက်ပေါ်ထိတွေ့လာတဲ့ Banရဲ့
လက်တွေကြောင့် ပုတ်နိုးခံလိုက်ရသလို
ခြေတစ်လှမ်းနောက်ဆုတ်လိုက်တော့ အတိတ်တွေဟာ သူရှေ့မှောက်ကခုန်လာကြတယ်။
YOU ARE READING
လှပ်၍လွှင့်သော
Actionနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။