{ တစ်ပတ်ခန့် ကြာပြီးနောက် }
မန်ဒူ ဂျယ်ဂျူးကျွန်းခရီးကပြန်လာပြီး တစ်ကြိမ်သာတွေ့ရသေးသလို တစ်ကြိမ်သာဖုန်းပြောရသေးတယ်။
'Jen အလုပ်ထွက်ချင်ပြီ လီ'!
ခရီးက ပြန်ရောက်ရောက်ချင်း မန်ဒူ ပြောတဲ့စကားကိုပြန်ကြားယောင်လာသည်။
ရှေ့နည်းနည်းကျော်ပြီးမှ ရပ်သွားတဲ့
မန်ဒူ ကားကြောင့်အတွေးစတို့ဖြတ်သွားလေသည်။
လီ ဦးထုပ်လေးကိုခပ်ငိုက်ငိုက်ဆောင်းလျှက် ခပ်တည်တည်နဲ့ကားထဲဝင်ထည့်လိုက်သည်။လီ !?
Jen ကားလေးကွေ့တော့ နောက်ကြည့်မှန်မှ
တာဆင့်မြင်လိုက်ရတာက ချစ်ရတဲ့လီ။
ကားကိုလမ်းဘေးကပ်ရပ်လိုက်တော့
ချက်ချင်းကားပေါ်ဝင်ထိုင်လာသည်။" Jen ကားကTaxi မဟုတ်ဘူးနော် "
အဲလိုပြောရက်တယ်ပေါ့!
" မလိုက်ရလဲဆင်းတာပေါ့ "
သူကားတံခါးဖွင့်ဆင်းလိုက်သည်။
မန်ဒူ သူကိုစိတ်ဆိုးနေမှန်း သူသိသည်။
မန်ဒူ စိတ်ဆိုးစိတ်ပူအောင်ထိ သူလုပ်ထားခဲ့
မိသည်ဘဲ။" လီ ...."
Jen လီလက်ကို မြန်မြန်ဆွဲထားလိုက်သည်။
မတွေ့ရတာ မှတ်မှတ်ရရတစ်ပတ်ရှိပြီ။
ခရီးကရောက်တဲ့နေ့ ဖုန်းပြောခဲ့တာမှတ်မိ
သေးတယ်။
လီ ခုနကဖုန်းကိုင်တဲ့တစ်ယောက်ကဘယ်သူလဲ အသံကအရမ်းရင်နှီးနေသလိုဘဲ မေးမိပါတယ်။ဘာမပြော ညာမပြောဖုန်းချသွားသည်။" ဘာလို့ ဒီမှာလာစောင့်နေတာလဲ "
" ဘာလဲမစောင့်ရဘူးလား
မလာစေချင်ရင်မလာပါဘူး "အိုး... ဒီကလေးနှယ် ဘာတြွေဖစ်နေပါလဲ နှုတ်ခမ်းစူပြီး ရန်ထောင်နေတဲ့ပုံစံက ဒေါသဖြစ်စရာမကောင်းဘဲ ချစ်စရာကောင်းနေတာလွန်ရော!
" ဖုန်းဆက်ရင် Jen လာခေါ်မှာပေါ့။
ခုလိုကျ အပြင်မှာရပ်စောင့်နေတော့ Jen ဘယ်လိုလုပ်စိတ်ကောင်းမှာလဲ။
ကဲ......ခုဘယ်သွားချင်လဲ "Jen မှာစိတ်ဆိုးချင်နေတာတောင် ဒီမျက်နှာလေးမြင်လိုက်ရတော့ အရည်ပျော်ကျသွား
လေခဲ့ပြီ။
YOU ARE READING
လှပ်၍လွှင့်သော
Actionနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။