" မမ.... "
" အင်း ...."
၃ကြိမ်မြှောက် ယောင်းငယ်လေးခေါ်သံကို
'အင်း'ပြုလိုက်ခြင်းဖြစ်သည်။
ဘာတွေထပ်ပူဆာအုံးမယ်မသိ။
ဒီအပြုံးဒီမျက်ဝန်းတွေထဲ သူမကျဆုံးနေခဲ့တာ
သူမသာအသိဆုံး။
ယောင်းငယ်လေးအပေါ် သူရဲ့ချစ်ခြင်းတွေဟာ သွေးကြောထဲထိ စီးမျှောနေခဲလေပြီ။
ယောင်းငယ်လေးဟာ သူမရဲ့နှလုံးသားကိုစိုးမိုးခြယ်လှယ်နိုင်စွမ်းရှိလွန်းလှသည်။" မမ ..."
သူကိုကြည့်ကာငုတ်တုတ်များမေ့သွားတာလားထင်ရတဲ့ မမ ကိုထပ်ခေါ်လိုက်သည်။
ခုလိုတည်ငြိမ်ရင့်ကျက်တဲ့ မမကို
သူ နှလုံးသားအပိုင်စားပေးပြီး၊ နှလုံးသားကို စီမံခန့်ခွဲသူအဖြစ် တဆင့်တိုးရာထူးပေးနေပေမယ့်၊မမကဟင်မလုပ်အင်းမလုပ်ချေ။" အင်း ဘာလို့ခဏခဏခေါ်နေရတာလဲ။
ဒီမှာအလုပ်လုပ်နေတာမတွေ့ဘူးလား ။
မနက်ဖြန်ခရီးသွားမှာ အိမ်မှာမနားဘဲ
ဒီကို ဘာလာလုပ်ရတာလဲ ""ဘာလို့ခဏခဏခေါ်နေရလဲဆိုတော့ ချစ်လို့
အခုဘာလာလုပ်တာလဲဆိုတော့
နှလုံးသားက ဒီလာခိုင်းနေလို့ "သူ မမရဲ့မျက်ဝန်းတွေကိုအကြည့်ချင်းဆုံပြီးပြောလိုက်သည်။
တကယ်တော့ သူမ ညနေနန်းဆန်တာဝါ
လိုက်ပို့ပေးရန်ပူဆာရန်သာ ခုတော့ရတဲ့အခွင့်အရေးကိုထပ်အသုံးချလိုက်သည် ။
ကျမ ပတ်ချယ်ယောင်းဆိုတာ ရတဲ့အခွင့်အရေးကို အမိအရဖမ်းဆုပ်တတ်လေသည်။ချစ်တယ်တဲ့လား !
မမလည်းယောင်းငယ်ကိုအရမ်းချစ်တာပေါ့။
ဆုပ်ကိုင်လာတဲ့ ယောင်းငယ်လေး
လက်တွေကို ဘာကြောင့်မရုန်းမိတာလဲ
ဆိုတာ သူမနှလုံးသားကိုသူမသိနေသိသည်။
သို့ပါသော်လည်း........." ပတ်ချယ်ယောင်း နင်ဘာတွေထပ်ဖြစ်
နေတာလဲ။ငါမကြားလိုက်ဘူးလို့သဘော
ထားလိုက်မယ် နင်ပြန်တော့ "လှုပ်ရှားနေတဲ့စိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်လိုက်သည် ။
ယောင်းငယ်လေးကမလွယ် သူရှေ့ဘယ်လောက်ကြာကြာဟန်ဆောင်နိုင်မှာလဲ။
ဒါကြောင့်နှင်လွှတ်ရတော့သည်။" မမ ယောင်းမျက်နှာကြည့်ပီး မချစ်ဘူးလို့ တစ်ခွန်းသာပြောလိုက်။ယောင်းမျက်နှာ မမဘယ်တော့မှထပ်မတွေ့စေရဘူး "
YOU ARE READING
လှပ်၍လွှင့်သော
Actionနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။