" Jen ကျမတို့ ဂျယ်ဂျူကျွန်းကို
ခရီးသွားရလိမ့်မယ် "Jen ဆီဖိုင်တွဲတစ်ချို့ကိုလှမ်းပေးရင်းပြောလိုက်သည် ။
လက်မှတ်ထိုးစရာကျန်ရှိနေတဲ့ စာရွက်ကို
တစ်ချက်ငုံကြည့်လိုက်သည်။" ဘယ်တော့လောက်ဖြစ်မလဲ Ban
ပြင်ဆင်စရာရှိတာပြင်ဆင်ရအောင်"" ဒီတစ်ရက်နှစ်ရက်အတွင်းဖြစ်လိမ့်မယ်။
Jen ပြီးတော့ ဒီတစ်ခေါက်က ဂျူးပါခေါ်သွားရမယ်။သူတို့ဘက်ကလုပ်ရမယ့်ကိစ္စာလေး
တွေရှိသေးတယ်။ဒါကိုတော့ Jenဘဲပြောလိုက်တော့ ပြီးတော့ ဒီကရှယ်ယာရှင်တစ်ချို့လည်း အဲဒီမှာဆုံရအောင်စီစဉ်ပေးပါအုံး "" ဟုတ်ကဲ့,Jen စီစဉ်လိုက်ပါမယ် "
ထိုစဉ် Ban စားပွဲကဖုန်းမြည်လာတာမို့
Ban ဟာ ဖုန်းလက်ခံစကားပြောနေသည်။" Hello ..."
"....."
" အင်း.... ရတယ်အပေါ်လွှတ်လိုက်"
"ဒါဆို Jenကိုခွှင့်ပြုပါအုံးBan "
" Jen ခဏလေးဒီမှာနေပေးလို့ရနိုင်မလား
အကူအညီတောင်းတာပါ။"" အော်ရပါတယ် Ban ဘာဖြစ်လို့လဲ "
" ဘာမှမဖြစ်ပါဘူး ဒီတိုင်း
ခဏလေးပါဘဲ "* ဒေါက်.... ဒေါက် *
" ဝင်ခဲ့ပါ "
" ဟာ P. Bam ဆာဂါဒီခ 🙏
ဘယ်တုန်းကရောက်နေတာလဲ "P. Bamကို Jenသိသည်။
ချင်းမိုင်ကိုသွားတုန်းကအကုန်လုံးကူညီပေးခဲ့သူ။ပြီးတော့ သူကBanကိုကြိုက်နေမှန်း
အရမ်းသိသာနေတယ်။
ကားမောင်းနေရင်းနေတောင် သူမှာ Banကိုခိုးခိုးကြည့်ရတာအမော ။
Banကတော့ သူငယ်ချင်းထက်ပိုပုံမပေါ် P.Bomကိုတွေ့ရင်၊မျက်နှာကတည်တာမဟုတ်ပေမယ့် ၊အရယ်အပြုံးနည်းသွားတာ Jenသတိထားမိခဲ့သည်။" အခုဘဲရောက်တာ Jennie "
သူ Jennie ကိုဖြေရင်း Banကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
Ban ဟာ သူကိုဘယ်တုန်းကမှအခွင့်အရေးမပေးခဲ့တာတောင်၊ခုချိန်ထိသူမရဲ့အချစ်ကိုစောင့်မျှော်နေမိသည်။
ဒီနှလုံးသားက ဒီမိန်းကလေးမှမဟုတ်ရင် ဒီတိုင်းဘဲသိမ်းဆည်းထားလိုက်တော့မယ်။
YOU ARE READING
လှပ်၍လွှင့်သော
Actionနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။