" Jen ဒီမှာထိုင်"
" ကျေးဇူးဘဲနော် Ban"
Jen ကိုဦးစားပေးထိုင်ခိုင်းတဲ့ ဒီပြုအမူကြောင့်အားနာရသလို အနေခက်လာတယ်။
ဒီအပြုအမူတွေက ကျမကသာ၊လီကိုတယုတယနဲ့လုပ်ပေးနေကျ။ခုသူကအဲလိုမျိုးလာလုပ်တော့ စိတ်က
တစ်မျိုးကြီးခံစားမိတယ်။
ဝိတ်တာလာချပေးတဲ့ မီးနူးမကြည့်တော့ဘဲ
Ban ဟာ Cappuccino တစ်ခွက်နှင့်Black ကော်ဖီတစ်ခွက်မှာလေသည်။
ကော်ဖီတွေရောက်လာပြီးမို့ Blackကော်ဖီကို Jenဘက်တွန်းပေးလာသည် ။"Jen ,Black ကော်ဖီကြိုက်တာ
သိနေတာလား "သွားလေးတွေအကုန်ပေါ်အောင်ထိပြုံးရယ်
ပြကာ လက်ဖဝါးချင်းပွတ်တိုက်ရင်
ဆိုပါတော့တဲ့ !!
သူကိုယ်တိုင်လည်း ဘယ်ခြေပေါ်
ညာခြေချိတ်ကာ Cappuccino ခွက်ယူသောက်လေသည်။၊Ban ဟာဒီအတိုင်းလေးတောင်
အရမ်ကြည့်ကောင်းနေတယ်။ကော်ဖီသောက်ရင် ပလုံစီနေတဲ့အမြုပ်လေးကို
ပေပွမနေအောင်တမင်သောက်တာမဟုတ်ဘဲ ၊သေသေသပ်သပ်သောက်
တတ်လေသည်။
ဖျတ်ခနဲသတိရတာက ချစ်ရပါသောလီလီ
ပထမဆုံးအိမ်လာလည်တဲ့နေ့မှာဘဲ
အနမ်းလို့မမည်တဲ့ အနမ်းတစ်ပွင့်ကိုပေးခဲ့မိတယ်။ကော်ဖီသောက်ရင်း ပေပွသွားတဲ့နှုတ်ခမ်းလေး
ကိုသုတ်ပေးသလိုနဲ့ ရင်ခုန်လှိုက်ဖိုစွာငေးကြည့်ဖူးခဲ့တယ်။
အခုတော့ အဲဒီနှင်းဆီဖူးလေးလို နှုတ်ခမ်းလေးဟာ ကျမပိုင်ဆိုင်တဲ့အရာပေါ့။
အတွေးထဲရောက်လာတာနဲ့တင် နှလုံးသားထိနွေးထွေးစေတဲ့သူ တနေ့နေ့တော့ Jenရဲ့ကမ္ဘာဟာ လီလီဖြစ်ကြောင်းပြောပြရအုံးမည်။" Jen ကိုယ့်ကြည့်ပြီး
ဘာတွေပြုံးနေတာလဲ "Jen မျက်နှာရှေ့လက်ဖြောက်တီးလိုက်မှ
သတိဝင်လာလေသည်။
ကိုယ့်ကြည့်ပြီးငေးနေပေမယ့်၊Jenမျက်ဝန်းတွေထဲ ကိုယ့်ကိုတွေ့ပုံမပေါ်ဘဲ၊အတွေးလွန်နေခြင်းဖြစ်နေသည်။
ဒါကြောင့်မို့သက်ပြင်းခပ်တိုးတိုးလေးချမိပြန်သည်။ချစ်ခြင်းမေတ္တာဆိုတာ၊ကိုယ့်မမှာဘဲ လာပို့တဲ့ကော်ဖီတစ်ခွက်မှာမဟုတ်တာ။ နှလုံးသားတံခါးဝနားရောက်ပြီးမှ၊တစ်ပါးသူက ကိုယ့်ရဲ့ကော်ဖီခွက်ကို ယူသောက်သွားတာမျိုးလဲ ထိုင်မကြည့်ချင်ဘူး!
YOU ARE READING
လှပ်၍လွှင့်သော
Actionနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။