" ပတ်ချယ်ယောင်း ငါကို
ဒီနေရာဘာလို့ခေါ်လာတာလဲ "" ဟာ ချယ်ရီတွေပွင့်နေတာမတွေ့ဘူးလား မမ"
" ချယ်ရီပွင့်တာ ငါနဲ့ဘာဆိုင်လို့လဲ"
ဟုတ်တယ်လေ။ ဒီလို ချယ်ရီတွေပွင့်ရင်
ဒီနေရာကို ချစ်သူစုံတွေသာ လာကြလေသည်။
ချစ်တဲ့သူနဲ့အတူ လက်တွဲလျှောက်ပြီးကြည့်မှာ ဒီအလှတရားဟာ ပြီးပြည့်စုံမည်။" ယောင်းရှိတယ်လေ ယောင်းရင်ခွင်ကို
မမ ကိုဌားပေးမယ်။ ဝမ်းနည်းရင်ဘဲဖြစ်ဖြစ်
ပျော်ရွှင်ရင် ဘဲဖြစ်ဖြစ် ယောင်းရဲ့
ပခုံးမှာမှေးစက်နားခိုနိုင်တယ်။ ဘာအခကြေးငွေမှ မယူဘူး။ မေတ္တာတရားကိုလက်ကိုင်ထားသူမို့ နှလုံးသားကြီးကြီးနဲ့ကို မမ အတွက်ဌားပေးမှာ။ ဒါကြောင့်မို့ စိတ်ချလက်ချ ယောင်း ပခုံးပေါ်မှီချလိုက်ပါ မမ"" ဘာတွေလာပြောနေတာလဲ အရူးချီးပန်းစကားတွေ."
" တကယ်ပြောတာပါ။ မမ ယောင်းရဲ့
လက်ကို တစ်ကြိမ်လောက်မြဲမြဲ
ကိုင်ကြည့်ပေးပါလား"ကျမ ရဲ့လက်ကိုဆုပ်ကိုင်လာတဲ့ ယောင်းငယ်ရဲ့
လက်တွေကနေတဆင့် သွေးကြောလေးတွေထိ
နွေးထွေးမူကိုခံစားရလေသည်။
မျက်လုံးချင်းဆုံတိုင်း ဆယ်ကျော်သက်တစ်ယောက်လို ရင်ခုန်လာလေသည်။
ကျမနှလုံးသားဟာ သူနဲ့တွေ့မှာလှုပ်ရှားခဲ့ရတယ်။
သူနဲ့တွေ့မှအထီးကျန်ခြင်းတွေ၊ကင်းကွာသွားရတယ်။ဒါပေမယ့် ငါ နင်ကိုချစ်မိသွားလို့မဖြစ်ဘူး။
ငါ အသိုင်းအဝိုင်းကြားမှာ ငါကမိန်းကလေးတစ်ယောက်ကို ချစ်မိတယ်ဆိုတာသိသွားခဲ့ရင်ဆိုတဲ့၊အတွေးက ကယောက်ကတန်းနဲ့ ၊သူလက်ပေါ်ဆုပ်ကိုင်ထားတဲ့၊ယောင်းငယ်ရဲ့လက်ကိုဖြုတ်ချလိုက်သည်။
အံဩမူတွေနဲ့မော့ကြည့်လာတဲ့ ယောင်းငယ်မျက်ဝန်းတွေကို ရင်မဆိုင်ရဲစွာဥပက္ခာပြုလိုက်သည်။" ယောင်း မမအိမ်ပြောင်းလာရင် ကောင်းမလားဟင်၊ မမ တစ်ယောက်တည်းနေတာ ယောင်းစိတ်မချဘူး "
သူကိုလှည့်ကြည့်လာတဲ့ မမရဲ့မျက်ဝန်းမှာ တစ်ခုခုကို အတင်းဖုံးကွယ်နေတယ်လို့ သူထင်တယ်။
ယောင်း ကိုချစ်နေမိတာကို မမဖုံးကွယ်ချင်နေ
တာလား!
YOU ARE READING
လှပ်၍လွှင့်သော
Actionနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။