တစ်စိမ်းသော ယောက်ျားတစ်ယောက်ရဲ့လက်မောင်းကို ချိတ်တွဲရင်း မျက်နှာမော့ကြည့်ပြီး အပြုံးတွေဆင်မြန်းထားတဲ့လူဟာ
လီ တဲ့လား။
တစ်ချက်တစ်ချက် အဲဒီယောက်ျားရဲ့လက်မောင်းထုပြီးရယ်သွမ်းနေတဲ့သူဟာ
လီဆိုတာ ကယောင်ကတမ်းတွေးမိချိန် သွေးကြောလေးတြွေပတ်ထွက်လုမတတ် ဆောက်တည်ရာမဲ့နေတဲ့နှလုံးအိမ်မှာ သွေးစက်တွေဟာ ယိုစီးကျလာဟန်။ဖိတ်ခေါ်ခြင်းမရှိပါဘဲ အလုအယက်နေရာယူလာခဲ့တာက ခိုတွဲကျလာတော့မဲ့မျက်ရည်တွေ။ လွမ်းနေတယ်ဆိုတာထက်ပိုနေခဲ့တဲ့
အဲဒီမျက်ဝန်းတွေဟာ အခုတော့တစ်စိမ်း
ယောက်ျားတစ်ယောက်ဆီမှာ။
အဲဒီနှုတ်ခမ်းလေးနဲ့ အနမ်းတွေခြွချေပီး
အပြုံးတွေဖန်တီးတတ်သူက အခုတော့
တစ်စိမ်းသောယောက်ျားတစ်ယောက်ဆီမှာ သက်ဝင်နေခဲ့ပြီးလား!ဆက်ကြည့်နိုင်ဖို့ခွန်အားတွေမဲ့လာတာမို့ Luggageပေါ်က လက်ကိုတင်းနေအောင်ဆုပ်ကိုင်ရင်း၊အကြည့်တွေကိုကြမ်းခင်းပေါ်အစားထိုးမိတော့၊ ခုန်ဆင်းသွားတဲ့အရာတစ်ချို့အမှတ်မမှားဘူးဆိုရင်၊ ဒါဟာမျက်ရည်တွေဘဲ။တစ်ချိန်လုံး သူစိတ်ဝိညာဏ်အလုံးစုံကို စိုးမိုးထားနိုင်ခဲ့တဲ့ လီကိုဒီလိုတွေ တွေ့မြင်ရဖို့အတွက် နာကျင်မူတွေနဲ့ အစားထိုးပြီးစောင့်နေခဲ့ရတာလား?
လီ မန်ဒူ ကိုမုန်းနိုင်တယ်။နာကျည်းနိုင်တယ်။
ဒေါသတွေနဲ့ မန်ဒူ ကိုပေါက်ကွဲခွင့်ပြုနိုင်တယ်။
ဒီလိုမျိုးနဲ့တော့ မန်ဒူ မှာခံနိုင်ရည်မရှိဘူး!
အခုတော့ သူဟာအသိစိတ်မဲ့စွာ လက်နှစ်ဖက်ပူးယှက်ကာ ကုတ်ဖဲ့နေမိသည်။ဟင့်အင်း.!!
မဟုတ်သေးဘူး။ လီကကျမဆီပြန်လာတာလဲ ဖြစ်နိုင်တာဘဲ။သူကို ရှာမတွေ့လို့ လီဒီထက်အဝေးဆုံးထပ်ထွက်သွားရင်ရော။
အို..! မဖြစ်ဘူး လီကိုထပ်ထွက်သွားခွင့်မပြုနိုင်တော့ဘူး!
အတွေးတွေနဲ့တောင် ထပ်ကြွလွှေင့်ရတော့မဲ့
နှလုံးသားကို စိုးရွံမိချိန်မှာတော့......"Jen "
လှမ်းဆွဲလာတဲ့လက်တစ်ဖက်ကြောင့် ခြေလှမ်းတွေဟာတုံခနဲ။
နောက်လှည့်ကြည့်မနေတော့ဘဲ သူရဲ့ညာလက်ပေါ်က လက်တစ်ဖက်ကို ဘယ်လက်နဲ့ဆွဲဖြုတ်ချလိုက်သည်။
တောင်းပန်ပါတယ်ဆိုတဲ့စကားဟာ နင်အတွက်တော့ မဟုတ်ခဲ့ဘူး Manoban!!
YOU ARE READING
လှပ်၍လွှင့်သော
Actionနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။