" မန်ဒူ... မန်ဒူ.."
"လီ...လီ မန်ဒူဒီမှာ..."
တင်းကျပ်နေအောင်ပွေ့ဖက်ထားတဲ့ခန္ဓာကိုယ့်လေးနှစ်ခု အလွမ်းတွေနဲ့ဖက်တွယ်ရင်း အနမ်းတွေဖလှယ်တဲ့ခဏ အရာအားလုံးဟာနှလုံးသားထဲပြီးပြည့်စုံရတယ်။
" ရှာလိုက်ရတာ မန်ဒူရယ်။
အမှောင်ထဲ အရမ်းကြောက်နေခဲ့တာလားဟင်
လီ ကြာနေခဲ့လို့တောင်းပန်ပါတယ်။ "အေးစက်နေတဲ့ မန်ဒူရဲ့ခန္ဓာကိုယ့်လေး
ရင်ခွင်ထဲ ပွေ့ဖက်လိုက်တော့ မန်ဒူဟာသူရင်ခွင်ထဲက ရုန်းထွက်သွားလေသည်။" လီ ပြန်တော့ ဒီနေရာကိုထပ်မလာခဲ့နဲ့ "
" ဟင့်အင်း... မန်ဒူမပါဘဲ လီမပြန်ဘူး။
လီ နဲ့ပြန်လိုက်ခဲ့ပါ "" လီ ဘာလို့ဒီလို့လုပ်ရတာလဲ၊ ဘာလို့လဲ။
လီ မရှိတဲ့ လောကကြီးမှာမန်ဒူ ကရောအသက်ရှင်ကျန်နေခဲ့မယ်ထင်နေတာလား။
လီ ဘဝကို မန်ဒူ အတွက်အဲလောက်ထိပေးဆပ်ဖို့လိုလို့လား။
ဒီလိုလုပ်လို့ လီအတွက် ဘာတြွေပန်ရမှာ
မို့လို့လဲ၊ဝေးပြီးရင်း ဝေးကြရတာဘဲမလား ။
မန်ဒူ လီနဲ့ပြန်လိုက်မှာမဟုတ်တဲ့အတွက်
လီ ပြန်တော့။နောက်ထပ်ဒီနေရာကိုထပ်မလာခဲ့နဲ့...သွားတော့...သွားတော့..."လီ ဘေးတစ်ချိန်လုံးရှိနေခဲ့တဲ့ သူကို လီမမြင်ဘူး။ထိတွေ့ကိုင်တွယ်လို့မရတဲ့ လွင့်မျောနေတဲ့ခန္ဓာကိုယ့်ကြောင့် အရှိန်နဲ့လာတဲ့ကားရှေ့
မီးနီဖြတ်တာမြင်နေရဲ့ လီကိုသူမတားဆီးနိုင်ခဲ့။
ကိုယ်ကိုကိုယ့် သေသလား၊ရှင်သလားမသိသေးတဲ့ အဲဒီနေရာမှာ လီကြောင့် အသည်းတွေတစ်စစီကြွလေို့ အကြိမ်ကြိမ်သေဆုံးနေခဲ့ရတယ်!အမှောင်တွေထဲမှာ သွေးရူးသွေးတမ်းနဲ့ လီ ကိုရှာမိတိုင်း မျက်ရည်တွေသာစမ်းမိတယ်။
အခုတော့လီရဲ့ရယ်သံတွေကို လက်ဖဝါးထဲထည့်သိမ်းကာ သွေးကြောလေးထဲထိ စီးမျောဝင်ခိုင်းမယ်။
နောက်ဆုံးအနေနဲ့ ပွေ့ဖက်ပြီး ဒီအနမ်းတွေကို သံသရာထိယူသွားမယ်။သူနဲ့အတူ လီကိုခေါ်မသွားရက်၊ခေါ်မသွားနိုင်။
အတူနေရမဲ့အရေးက ဒီပုံနည်းနဲ့ဆို လီကိုမန်ဒူလွှတ်ချထားခဲ့ရမှာဘဲ....
ပြန်ပါတော့ လီရယ်။
ပြန်လိုက်ပါတော့ ချစ်ရသူရယ်!
YOU ARE READING
လှပ်၍လွှင့်သော
Actionနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။