" Ban ကျမတို့လေယာဉ်ချိန်နီးနေပြီနော် "
" Sorry Jenရယ် ကျမဒီဒီဇိုင်းကိုအရမ်းသဘောကျနေလို့ "
Jen ကိုပြန်ပြောရင်း Laptopပေါ်ကလှုပ်ရှားနေတဲ့ လက်တွေကိုရပ်တန့်လိုက်သည်။
လက်ကနာရီတစ်ချက် မြှောက်ကြည့်လိုက်တော့ လေယာဉ်ချိန်နီးနေပြီဘဲ။
သူ Jenကိုပြန်မော့ကြည့်လိုက်တော့ ပြတင်းတံခါးဘေးရပ်လျှက် Jen ကဖုန်းပြောနေသည်။
သူမ မသိမသာလေးနားစွင့်လိုက်သည်။
အခု သူမလုပ်ရပ်က လူကျင့်ဝတ်ချိုးဖောက်
နေတဲ့ လူတစ်ဦးဖြစ်သွားလေသည်။" အဲလိုစိတ်ကောက်နေတော့
Jen ကဘယ်လိုစိတ်နဲ့ခရီးသွားရမှာလဲ "".........."
" အင်းပါ... Jenဂရုစိုက်မှာပါ။
မနေ့ကပေးလိုက်တာတွေ အကုန်ထည့်ပီးပြီး
စိတ်ချ ဘာမှမမေ့ဘူး ""........."
" စိတ်ဆိုးပြေတော့ပါတော့လို့နော်။
ဒါဘဲနော် သွားရတော့မှာမို့ အရမ်းချစ်တာ
သိတယ်မလား မွမွ "😘လီ Jenကိုစိတ်ကောက်နေလေသည်။
မနေ့က ကားပေါ် ကျမအတင်းထပ်နမ်းလိုက်တာကို မကျေနပ်ဘူးဆိုပြီးစိတ်ကောက်ပြနေလေသည်။
ပြန်လာမှထပ်ချော့ရမယ်။
ဒီစိတ်ကောက်မူက တော်ရုံနဲ့ပြေမှာမဟုတ်။
ကျမ ကလဲနည်းနည်းကြမ်းလိုက်မိတယ်။
ဒါကလဲ လီ ကိုချစ်တဲ့စိတ်ကြောင့်ပါဘဲ။အနမ်းတစ်ခုရဲ့ဝင်ရိုးစွန်းမှာ နောက်ထပ်
အနမ်းဝင်ရိုးစွန်းတစ်ခုက တည်ရှိနေလေသည်။။
အဲဒီဝင်ရိုးစွန်းက ကျမရဲ့မြတ်နိုးရသူလေး။
ကျမ ရှန်သန်ရမယ့် နှလုံးသားဧရိယာထဲက
ကျမ ရဲ့ကမ္ဘာငယ်လေးဟာ လီလီဆိုတဲ့
တစ်ယောက်သောသူသာဖြစ်တယ်။" Ban အဆင်ပြေလား မူးနေတာလား"
လေယာဉ်ပေါ်အနည်းငယ်မျက်နှာပျက်နေတဲ့ Ban ကို ကျမမေးလိုက်သည်။
မူးတာတို့ အန်ချင်တာတို့ ဆို ကျမမှာ
လီ ပေးလိုက်တဲ့ဆေးတွေပါလာသည်။" အင်း နည်းနည်းမူးနေလို့
Jen အနှောင့်အယှက်များဖြစ်သွားပြီးလား"" ဟာ မဟုတ်တာ Jenမှာဆေးပါတယ်။
ဒါလေးသောက်ပြီးမှေးနေလိုက်။
ဒီရှုဆေးလေး လက်ဖဝါးထဲပွတ်ပြီး
ခပ်ပြင်းပြင်းရှုလိုက်၊ ခဏနေသက်သာသွားလိမ့်မယ်။ တော်ပါသေးရဲ့ သူပေးလိုက်လို့ "
YOU ARE READING
လှပ်၍လွှင့်သော
Actionနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။