" ပတ်ချယ်ယောင်း, ကိုအိမ်သူဇနီးမယား
တစ်ယောက်အနေနဲ့ လက်ခံနိုင်ပါသလား"" လက်ခံနိုင်ပါတယ် "
ကျမ ဖာသာရဲ့အမေးစကားကိုဖြေကြားလိုက်သည်။
ဖာသာကနောက်ထပ်စကား ထပ်ဆိုလာပြန်သည်။" ပတ်ချယ်ယောင်း ကိုနာမကျန်းဖြစ်သည်
ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊
ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ
မပစ်ပယ်ဘဲ တစ်သက်လုံးရိုးမြေကျ
ဇနီးမယားတစ်ယောက်အနေနဲ့ ပေါင်းသင်းဖို့ ကတိပြုနိုင်ပါသလား "" ဟုတ်ကဲ့, ကျမကတိပြုနိုင်ပါတယ်"
ဖာသာဟာ ချစ်ရတဲ့ယောင်းငယ်ကိုလဲ ထိုနည်းအတိုင်းမေးလေသည်။
" အခုချိန်ကစလို့ သင်တို့ဟာဘုရားသခင်ရှေ့
ကတိကဝတ်ပြုပြီးတာမို့ အကြင်ဇနီးမယား
ဖြစ်သွားပါပြီ။
သင်တို့ကို ဘုရားသခင်ကောင်းချီးပေးပါစေ
အာမင် "ဒီကတိစကားသည် သူတို့နှလုံးသားမှစ၍
ကောင်းကင်တခွင်ပျံနှံစေလျှက် မိုးမြေဆုံးတဲ့အထိတည်နိုင်ပါစေသား။
ချစ်ခြင်းတရားနဲ့ပေါက်ဖွားတဲ့မေတ္တာတရားမှာ ခွှင့်လွှင့်ခြင်းလဲ စီးမျောပါသွားခဲ့သည်။
accident ဖြစ်တဲ့နေ့ကသူရင်ခွင်ဝင်ငိုလျှက် ယောင်းငယ်လေး ဟာဖွင့်ဟဝန်ခံလာခဲ့တယ်။' ယောင်းကြောင့် မမအဖေဆုံးသွားရတာ။
ယောင်း ကိုကာကွယ်ပေးလို့ မမ
အဖေဆုံးသွားခဲ့ရတာ 'သူကြောင့်ဆိုတဲ့စိတ်နဲ့ ယောင်းငယ်လေးဟာ
ဘယ်လောက်များ ယူကြုံးမရဖြစ်နေလိုက်
ရမလဲ။
တစ်ကြိမ်မှာမိဘတွေကို ဆုံးရှုံးခဲ့ရပြီ။
ဒီတစ်ကြိမ်မှာတော့ ယောင်းငယ်လေးကို
သူအဆုံးရှုံးမခံနိုင်။
အဲဒီနေ့က ယောင်းငယ်လေးကို
သူကိုယ့်တိုင် ကားမောင်းပို့ပေးခဲ့သလို ယောက္ခမတွေနဲ့လည်းတွေ့ဆုံခဲ့သည်။ယောက္ခမတွေကို နားနဲ့မနာဖဝါးနဲ့နာစေကာယောင်းငယ်လေးကို လက်ထပ်ခွင့်ပါတစ်ခါတည်းတောင်းခဲ့လေသည်။
အခုတော့ သူတို့နှစ်ဦးဟာအဖြူရောင်ဂါဝန်တူညီဝတ်စုံနဲ့ သတိုးသမီးနှစ်ယောက်အဖြစ်ဘုရားသခင်ရှေ့မှောက်ကတိကဝတ်ပြုကာ အကြင်ဇနီးမယားဖြစ်သွားလေပြီ။
YOU ARE READING
လှပ်၍လွှင့်သော
Acciónနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။