" ချယ်ယောင်း လီရောလီဘယ်မှာလဲ။
လီဘယ်သွားတာလဲ ပြန်မလာသေးဘူးလား ။
လီ ဘယ်သွားတာလဲဆိုတာ၊နင်ဘာလို့မသိရတာလဲ။ဒါမှမဟုတ် လီလီတစ်ခုခုများဖြစ်နေတာလား။ ဒါကြောင့်မို့ ငါဆီမလာနိုင်သေးတာလား "" Jen စိတ်အေးအေးထား သူအဆင်ပြေမှာပါ။သူလည်းကိစ္စာရှိလို့ ခဏထွက်သွားတာ
နေမှာပါ "သတိရရချင်းဘဲ လီလီကိုဘဲအလောတကြီးမေးနေတဲ Jen ရဲ့စိုးရိမ်တွေသံဟာ
သူ ကိုသူထက် လီလီကိုသာစိတ်ပူနေသည်။သူအိမ်မက်ထဲ လီလီကချောက်နက်ကြီးကို
ခုန်ဆင်းသွားတာ။ သူဘယ်လိုလုပ်စိတ်အေး
နိုင်မှာလဲ!" ချယ်ယောင်း အိမ်မက်ထဲမှာလီလီက ငါကိုထားသွားတယ်။ငါရှင်းပြတာတောင် နားမထောင်ဘဲ ၊သူချောက်ကမ်းပါးကြီးထဲခုန်ဆင်းသွားတာ။ ငါရင်ထဲနာလွန်းအားကြီးလို့ နှလုံးသားတောင် ကြေမွသွားပီး ထင်ပါတယ်ဟာ၊ငါဘာလုပ်ရမလဲဆိုတာ ငါကိုယ်တိုင်တောင်မသိတော့ဘူး "
ကျမခါးဖက်ရင်းရှိုက်ကြီးတငင်ငို
ကြွေးနေတဲ့ Jen ကို နှိမ့်သိမ့်ရန်
စကားလုံးတွေ အမြန်ရွှေးချယ်ရလေသည်။" ဘဝက ဇာတ်လမ်းတစ်ပုဒ်ဆိုရင်
ဒါကဇတ်သိမ်းမဟုတ်သေးဘူး။ ဘဝဆိုတဲ့ထဲမှာ နာကျင်ခြင်းဆိုတဲ့ ပိုးအိမ်မျှင်ကတော့ ကပ်ငြိပါလာမှာဘဲ။ အဲဒီနာကျင်ခြင်းအခန်းကိုဘဲ၊ငါတို့ကထပ်ကာထပ်ကာရစ်ကြည့်နေဖို့မလိုအပ်ဘူး။ဖြတ်ကျော်ဖို့ဘဲဖြစ်သင့်တယ်မလား ။ကမ္ဘာကြီးထဲ ငါတိုထည့်တဲ့အရာမှန်သမျှ
ငါတို့ပြန်ရလိမ့်မယ်တဲ့။
ကိုယ့်က ဘယ်အရာရွှေးချယ်ထည့်
မလဲဆိုတာ ကိုယ့်အပေါ်ဘဲမူတည်တယ်။
နင်ဘဝထဲကို ဘာတွေထည့်ပြီး၊ဘာတြွေပစ်ထုတ်သင့်လဲဆိုတာ၊နင်ကိုယ်တိုင်ရွေးချယ်ရမဲ့အရာဘဲ ခဏနေ Manoban ဆိုတဲ့မိန်းမ သတင်းစာရှင်းလင်းပွဲလုပ်မယ်တဲ့ "" ဘာ "
Jen အော်လိုက်တာကြောင့် သူလန့်သွားရတယ်။
"ချယ်ယောင်း ငါကိုအဲဒီကိုလိုက်ပို့ပေး
သူဘယ်လိုရှင်းမယ်ဆိုတာငါ ကိုယ့်တိုင်ကြား
ရမှာဖြစ်မယ် "" ဒါပေမယ့် ငါကတော့ ...."
" နင် လိုက်မပို့ရင်
ငါတစ်ယောက်တည်းဘဲသွားမယ် "
YOU ARE READING
လှပ်၍လွှင့်သော
Actionနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။