အပိုင်း၆

1.5K 169 9
                                    

Uni
=======

"အကိုလေး ကျွန်တော်တို့ စာရင်းတွေစစ်ပြီးပြီ ပို့ကုန်တွေအကုန်လုံးလဲ ဝယ်သူတွေဆီ ဒီနေ့ပဲ အရောက်ပို့ပေးပါမယ်လို့လည်း ကြိုဆက်သွယ်ထားပါတယ်"

"အင်း ဒါနဲ့ မင်းတို့သုံးကောင် အလုပ်တွေ ကြိုးစားနေသလိုပဲ အရင်ကဆို ငါအာပေါက်အောင်ပြောနေရတာ"

"အကိုလေးကလည်း ကျွန်တော်တို့က အရင်ထဲက ကြိုးစားပြီးသားပါ နည်းနည်းကမြင်းတတ်တာပဲရှိတာပါ"
အလုပ်ဆိုအမြဲ ခိုကပ်ကာ ကမြင်းကြောပဲထဖို့ပဲသိပြီး မျောက်သုံးကောင်ဖြစ်သည့် ဝတုတ်တို့အဖွဲ့ဟာ အမှန်တွေပြောရင်လည်း ကိုယ့်ဘက်ကိုယ်ရပ်တတ်တဲ့ လိပ်တစ်သိုက်ဖြစ်ကြသည်မို့ ထွေထွေထူးထူးတွေ ခွန်းတုန်းမပြန်ချင်တော့။

"ဟုတ်ပါပြီ လုပ်စရာရှိတာ သွားလုပ်ကြတော့ "

"အကိုလေး ဟိုမှာကြည့်ပါအုံး ဘယ်သူလည်းလို့ "

ဝတုတ်ပြလို့ကြည့်လိုက်တော့ ဧည့်သည် သူက ဒီကို ဘာလာလုပ်တာလဲ။ ထယ်ထယ်ပြောတော့ သူဒီနေ့ ရွာထဲကို လိုက်ပြမယ်ဆိုပြီးတော့

"အဲ့တာဆို အကိုလေးရေ ကျွန်တော်တို့သွားပြီနော် ဧည့်သည်လေးနဲ့စကားပြောချင်ရှာမှာပေါ့"

အကြည့်စူးစူးတစ်ချက်လွှတ်လိုက်မှ ရယ်ကျဲကျဲနဲ့ ထွက်သွားကြသည်
အဲ့ဒီသုံးကောင် အမြဲ မထိတထိပြောသည်
သူများတွေကပြောရဆိုရလွယ်ပေမယ့် ဒီသုံးကောင်ကတော့ ပြောလို့ကိုမရတာ။

သုံးကောင်ထဲခေါင်းဆောင်က ဝတုတ် ထယ်ဟီး ကျန်နှစ်ကောင်က မောင်နှမကို မောင်က ဘိုထယ် အမက ယောက်ဂျလုံး ဘိုမီ ြဖစ်သည်။

သုံးကောင်ကို နှင်ထုတ်ပြီးလို့ ဧည့်သည်ရှိရာကို မသိမသာကြည့်တော့ အစအနမတွေ့ရတော့။

ပြီးတော့မှ ဟိုနားဒီနားသွားကာ မျက်လုံးကို ဝေ့ဝိုက်ရှာကြည့်လိုက်တော့ ဖုန်းတစ်လုံးနဲ့ ဓာတ်ပုံလိုက်ရိုက်နေလေရဲ့။ ထူးထူးဆန်းဆန်း အပင်ပေါ်က လိမ္မော်သီးကို အသည်းသန်တွေ ရိုက်နေတာ တော်သေးတာပေါ့ လိမ္မော်သီးက အမြင့်မှာ ပေါက်မနေလို့ နောက်မို့သာဆို ပိစိက အပင်ပေါ်တက်ရင်တက်ရမှာ။ခုတောင် ခြေဖျားကထောက်ထားရသေး။

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Where stories live. Discover now