အပိုင်း ၁၀

1.4K 164 0
                                    

Uni
=======

ဆော့ဂျင် အိမ်ပေါ်သို့ ဂျောင်ကု သက်သာလား ကြည့်ရန် တက်လာပြီး အခန်းတံခါးဖွင့်လိုက်တော့ တစ်ယောက်ကိုတစ်ယောက်ဖက်အိပ်နေကြတဲ့ ​ေဂျာင်ကုတို့နှစ်ယောက်။ သူကြည့်နေတုန်း နောက်က ထယ်ထယ်ပါ ရောက်လာပြီး အံဩနေသည်။

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးကာပင် ပြန်ထွက်လာလိုက်သည် အိပ်ပါစေလေ။

"ကိုကို........ဘာလို့မနှိုးတာလဲ"

"ထားလိုက်ပါ ထယ်ထယ်ရယ် ဂျီမင်နဲ့ပဲဟာ ဘာမှမဖြစ်ပါဘူး
မနက်စာသွားစားရအောင်"

"ဟုတ်"

ထယ်ထယ့် လက်ကလေးအသာဆွဲကာ အောက်ထပ်သို့ ခေါ်လာလိုက်သည်

ဒါသည် အသားယူခြင်း တစ်မျိုး​ြဖစ်သည်

***************
**********************
မနက်ခင်းကို မျက်လုံးမဖွင့်သေးပဲ နွေးထွေးလှတဲ့ ဖက်လုံးလေးကို ထပ်တိုးဖက်ထားလိုက်သည်

ထိုအခါ ထိုဖက်လုံးက လှုပ်လာသည်။

ဂျီမင် မျက်လုံးဖွင့်ကြည့်လိုက်တော့ အငယ်လေး

ဟုတ်တယ် သူညက အငယ်လေး အခန်းထဲ ရောက်နေခဲ့တာ

ဂျောင်ကုမှာတော့ နှုတ်ခမ်းပါးလေးကိုဟပြီး အိပ်ပျော်နေသည်

"ချစ်ဖို့ကောင်းလိုက်တာ"လို့ တိုးတိုးလေး ရေရွတ်မိသည်။

တကယ်ဆို ကိုကမှ သူ့ရင်ခွင်ကြီးထဲ ရောက်နေတာမလား ပြန်အသဲယားနေတော့ တစ်မျိုးတော့တစ်မျိုးပဲ။

ကိုယ်ပူသေးလားဆိုပြီး ဖက်ထားတဲ့ လက်ကလေးကို ဖယ်ကာ နဖူးလေးကို စမ်းကြည့်တော့ နွေးနွေးလေးကျန်သေးသည်

ထိုသို့စမ်းနေစဉ် မျက်လုံးတို့က နှာတံစင်းစင်းလေးသို့ ရောက်သွားတော့ လက်ချောင်းတွေကပါ အလိုလိုကို ပါသွားပြန်သည်

ရွာလည်တော့မှာပဲ ဂျီမင်ရယ်

နှာတံလေးကို တို့ထိပြီးသွားတော့ မျက်လုံးလေးတွေ ထိုမှတဆင့် ပါးပြင်နုနုဆီ နောက်ဆုံး ပွင့်အာနေတဲ့ နှုတ်ခမ်းပါးလေးဆီ

နေမကောင်းတာကြောင့် နှုတ်ခမ်းသားတွေက ခြောက်သွေ့နေသော်လည်း နီဆွေးဆွေးအဖြစ်ရှိနေတုန်း

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Место, где живут истории. Откройте их для себя