အပိုင်း ၂၂

1.1K 124 21
                                    

"​ေဂျာင်ကုတို့ ဘယ်သွားကြမလို့လဲ"

"အော်...ဖေဖေ ကျွန်တော် ယွန်းဂီဆီသွားမလို့"
ဖြေလိုက်တာက ဂျီမင်ဖြစ်သည် ဂျောင်ကုကတော့ ဂျီမင်နီး မိတ်ဆက်ပေးမယ်ဆို၍ လိုက်လာခဲ့တာ တကယ်ဆို ဒီနေ့ နေ့လည်ပြန်ရမည်မို့ ကြင်နာသူကိုသာ တစိမ့်စိမ့်ထိုင်ကြည့်နေချင်တာ။

"ဂရုစိုက်ကြနော်..."

"ဟုတ်..ဖေဖေ.."

***********

"ငါဒီမှာ...."

ဆိုင်ရဲ့ ထောင့်ကျကျတွင် ထိုင်နေသည့်ယွန်းဂီမှ သူတို့နှစ်ယောက်အား လှမ်းခေါ်လာသည်။လူမြင်သူမြင်မှာ ခုံလွတ်တွေ နေရာမှပေါရချည်ရဲ့။

"ဟျောင့်....လာမယ်ဆိုပြီး ကြာနေရသလားကွာ ငါ ဂျွန်းဆီ သွားရအုံးမှာ"

"ခုမှရောက်လာတာ ငါ့ကို လွမ်းနေတာလေး ဘာလေး ပြောပါအုံးလား"
ခုံမှာပင် မထိုင်ရသေးသူအား ကြိုဆိုပုံက သိပ်ကို ချစ်ဖို့ကောင်းလှသည်။သူငယ်ချင်းတွေဆိုတာ အဲ့လို။

မျက်နှာချင်းဆိုင် ခုံနှစ်ခုမှာ သူနှင့်အငယ်လေး ဝင်ထိုင်လိုက်ကြသည်။

"ဒါနဲ့ ဒီက မင်းချစ်သူ ဂျောင်ကုဆိုတာလား"

"တွေ့ရတာ ဝမ်းသာပါတယ်ကွာ...."
ပြောတာတောင် မစောင့် အလောတကြီးမိတ်ဆက်နေသူကို ဂျောင်ကုကလည်း လက်ဆွဲကာ နှုတ်ဆက်လိုက်ရသည်။

"မင်း အဖေပြောတယ် လုပ်ငန်းတွေကို လွှဲလုပ်တော့မယ်ဆို ဂျီမင်"

"အင်း...ငါ ဖြစ်ချင်တာတွေကို ရပ်သင့်ပြီ ထင်လို့ အဖေ့ကိုလည်း အနားယူစေချင်ပြီလေ စာက နားနားရေး ရပါတယ်ကွာ ငါကလည်း နာမည်ကြီးနေတာမှမဟုတ်ဘဲ"

"လိမ္မာနေတာပဲ ရည်းစားရသွားတော့"

"ဒါပေါ့ကွာ...."
ဂျောင်ကုကတော့ ဂျီမင်နဲ့ယွန်းဂီစကားပြောတာကိုသာ လိုက်နားထောင်နေလိုက်ပြီး ဘာမှဝင်မပြောဖြစ်။

"မင်းရဲ့Ent ကရော အခြေနေဘယ်လိုလဲ။"
ယွန်းဂီသည် သီချင်းရေးပြီး producerပါလုပ်ကာ သူ့ဖခင်ရဲ့ Entertainment  ကိုပါ ဉီးစီးနေသည်။

"မဆိုးပါဘူးကွာ....ကလေးတွေက ကြိုးစားကြတယ်....ဒီအလုပ်ဆိုတာ ဖိအားအနည်းနဲ့အများတော့ ရှိကြတာပေါ့ ခုလိုခေတ်မှာဆိုတော့ ပြောစရာကိုလိုမနေတော့တာ။"

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Tempat cerita menjadi hidup. Temukan sekarang