Uni
======="ဒေါက် ဒေါက် ဒေါက်"
"အကိုလေးဂျီ အကိုလေးဂျီ သူဌေးက ဘူဆန်ကို မသွားသေးလားတဲ့ မေးခိုင်းလိုက်တယ်"
"ဝှားးး အွန်းးးးးးးး"
မနက်စောစောအိမ်ကသူတွေ ဘာလို့လာနှိုးနေပါလိမ့် ညက စာရေးတာ အဆက်မဖြတ်နိုင်တော့ဘဲ ၄နာရီ လောက်မှ အိပ်မိခြင်းကြောင့် မနက်စောစောမထဘူးလို့စဉ်းစားထားတာကို
"ကြီးမေ ဘာလို့အစောကြီးလာနှိုးနေတာလည်း ကျွန်တော် အိပ်နေတုန်းကို"
"အကိုလေးဂျီ နာရီလည်းကြည့်အုံး ၁၁ခွဲနေပြီလေ အကိုလေးရဲ့"
"အမ်.. ၁၁ခွဲလား"
"ဟုတ်တယ်အကိုလေးဂျီ ပြီးတော့ ဘူဆန်သွားဖို့က ဒီနေ့လေ."
အခန်းအပြင်ကနေ အော်ပြောနေတဲ့ကြီးမေကို သူလည်း အိပ်ယာပေါ်ကနေပဲ အော်ပြောလိုက်တော့သည် မထချင်သေးဘူး ပျင်းတယ်"အာ..သိပြီသိပြီ
ကျွန်တော်ဆင်းခဲ့မယ်လို့ ပြောပေးပါနော်""ဟုတ်ကဲ့ အကိုလေးဂျီ"
"အားရိုး ညောင်းလိုက်တာ "
စောင်ပုံတွေကြားမှ အလူးအလဲထကာ ရှည်လျားလှတဲ့ အပျင်းကြောကို ထပ်ကာ ဆွဲဆန့်မိသည်။"မြန်မြန်လုပ်မှပဲ မဟုတ်ရင် ဖေဖေတော့ ဆူတော့မယ်"
မေမေက ဘာမှမပြောပေမယ့်လည်း ဖေဖေကတော့ စည်းကမ်းတင်းပြီ ပွစိပွစိလုပ်မှာ
" တကယ်ပါပဲ"စောင်ကို ဖြစ်ကတတ်ဆန်း ခေါက်ပြီး ဆံပင်
စုတ်ဖွားနဲ့ ရေချိုးခန်းထဲဝင် မျက်လုံးကိုစုံမှိတ်ပြီး ထားနေကျနေရာက သွားပွတ်တံကို
သွားတိုက်ဆေးထည့် ပြီးပြီးရော တိုက်နေလိုက်သည်။ပြီးတာနဲ့ မျက်နှာအရင်သစ်ပြီးမှ ရေကို ချီးမတွန်းပဲ ချိုးလိုက်တော့သည်
စာရေးဆရာဆိုတာ ဒါပါပဲ ကိုယ့်ဝတ္ထုက ဇာတ်ကောင်တွေ ဇာတ်လမ်းဇာတ်ကွက်အကြောင်းတွေသာ စိတ်ဝင်စားသည် မြတ်နိုးသည် ကိုယ့်ကိုယ်ကိုတော့ ဘယ်တော့မှ စိတ်မဝင်စား မမြတ်နိုး မျက်စိဆိုရင်လည်း ပါဝါဂိတ်ဆုံးထိရောက်ခဲ့ပြီး လေဆာနဲ့ခွဲစိတ်ခဲ့ရပြီးပြီတော်သေးတာပေါ့လေ စာရေးဆရာတို့ ဘောစိကိုအဖေတော်ထားရလို့သာ မဟုတ်ရင်တော့ကန်းနေတာကြာပေါ့
VOCÊ ESTÁ LENDO
ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||
FanficUnicode + Zawgyi ကျွန်တော့်ဆီသို့ တည့်မတ်စွာကျရောက်လာတဲ့ ကံကြမ္မာငယ်ရယ် ခင်ဗျားလေးက အဆိုးတွေနဲ့အတူ ကောင်းခြင်းတွေပါ ယူဆောင်လာနိုင်သူပါ (ပထမဆုံးလည်းဖြစ်တာမို့ အရေးအသားက အရမ်းနုပါတယ် ဒါကြောင့် စာဖတ်သက်တမ်းရင့်သူတွေအတွက် အဆင်ပြေနိုင်မည်မထင်ပါ) Started...