အပိုင်း၂၃ (part2)

1.1K 120 30
                                    

"ဂျီမင်နီး....လွမ်းနေတာ....။"
Vcallခေါ်ရုံရှိသေး တန်းပြောလာတဲ့ စကား ကြောင့် သူ့မှာ အပြုံးတွေ ဖြစ်တည်လာခဲ့ပြန်သည်။ ဒီကလေးက သူ့ဆို ထွေထွေထူးထူးပြုံးစရာမလိုအောင်ပင် မြင်ရကြားရရုံနှင့်စွမ်းဆောင်နိုင်သည်။

သို့ပေတိ သူဒီနေ့ ထူးဆန်းနေတယ်လို့ ဘာကြောင့် ထင်နေမိပါလိမ့်။

စိတ်ရှုပ်နေတဲ့ပုံနှင့် လွမ်းတယ်ပြောပြီး ငြိမ်နေသူကို ကိုယ်ကပဲမေးရတော့မယ်။

"အငယ်လေး.....ကျောင်းမှာအဆင်ပြေရဲ့လား။"

"အင်း...အဆင်ပြေပါတယ်။"
အင်းပေါ့လေ ဒီလိုပဲ ထွက်လာမှာပေါ့ ။
ပြေတယ်ပြောနေသော်လည်း အဆင်ပြေမနေတာ ကိုယ့် စိတ်က အလိုလိုကိုသိသည်။

"တစ်ခုခုတော့ ရှိနေတယ်မလား အကို့ကိုပြောပါကွာ...."

"ဂျီဂျီ....."
ဂျောင်ကုရဲ့နောက်ဘက်ဆီမှ ခပ်ဩဩသံလေးထွက်လာလေသည်။နှစ်ယောက်မရှိသူ ထယ်ယောင်းပင်။

Laptopရှေ့မှ ဂျောင်ကုကို အတင်းတွန်းတိုက်ပြီး မျက်နှာပြင်တစ်ခုလုံးသူသာ နေရာအပြည့်ယူထားသည်။

"ဂျီဂျီ..နေကောင်းရဲ့လား။"

"ကောင်းပါ့ဗျာ...။"

"ထယ်ထယ့်ဆီ ဖုန်းတောင်မဆက်ဘူး။"

"မအားလို့ပါ..။"

"ငါ့ကိုတောင် ဒီနေ့မှဆက်လာတာ ဂျီမင်နီးက အလုပ်များနေတာ...။"
မျက်နှာမမြင်ပေမယ့် သူ့အား ကူပြီး ရှင်းပြပေးနေပါတဲ့ ချစ်သူသည် မျက်နှာငယ်နေမယ်ဆိုတာ သူသိသည်။

"ကိုကိုက ခေါ်နေတယ် ကုကု သွားလိုက်အုံး ငါက ဂျီဂျီနဲ့ဆက်ပြောလိုက်အုံးမယ်။"

"အွန်း...ဘာမှလျှောက်မဖွာနဲ့နော်"

"အေးပါဆို..."
ထွက်သွားသည်နှင့် စကားနားထောင်ပါတဲ့ ရွစိန်နှစ်ယောက်တွေ့လေပြီ။တကယ်ပါ သူတို့နှစ်ယောက်က တော်တော်ကို အတိုင်ပေါက်ညီတာ။

"ထယ်ထယ်...အငယ်လေးက ဘာဖြစ်နေတာလဲ။"
သိချင်လွန်းတာကြောင့် ဟန်မဆောင်နိုင်မေးမိတော့သည်။

"ပြောမယ်ပြောမယ် အဲ့တာချောင်းနေတာ။"

"ဒီနေ့ကျောင်းမှာ ကောင်မလေးတစ်ယောက် သူ့ကို သဘောကျတယ်ဆိုပြီး လက်ဆောင်လာပေးတာ။"

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Nơi câu chuyện tồn tại. Hãy khám phá bây giờ