အပိုင်း ၁၉

1.2K 144 14
                                    

Uni
=======

"မေမေ....မေမေ သက်သာရဲ့လားဟင်"
အိမ်ရောက်ရောက်ခြင်း မေ​ေမရှိရာသို့ အလောတကြီး အပြေးသွားမေးမိသည်။

ကုတင်ခေါင်းရင်းကို ကျောမှီကာ ထိုင်နေသော မေမေက ရုတ်တရက်ဖို့ အံ့ဩသွားကာ..

"ဟယ်....သား ဂျီဂျီ ပြန်လာတာလား"

"မေမေ မေ့လဲတယ်လို့ ဖေဖေက ဖုန်းဆက်လို့လေ သားမှာ ပူထူသွားတာပဲ"
မေမေနား သွားထိုင်ကာ မျက်နှာငယ်နဲ့ဆိုမိသည်။ သူ့မှာ ဒီအမေတစ်ယောက်ပဲ ရှိတာမလား။ အဖေလည်း ရှိပေမယ့် အဲ့အဖေက ကြောင်ကြီး သူက ကြွက်ကလေးမို့ မတည့်။

သို့နှင့် မေမေက ကုတင်ဘေး ရပ်နေတဲ့ ဖေဖေကို မာန်တော့သည်။
"ဖေကြီး....ဘာလို့ ဂျီဂျီ့ကို သွားပြောတာလဲ ခုတော့ ကလေးတစ်ယောက်တည်း ပြန်လာရပြီ"

"မေကြီးကလည်းကွာ....မေကြီး မေ့လဲသွားတော့ ကိုလည်းပြာယာပြီး ဂျီဂျီ့ကို ဖုန်းဆက်မိတာပါကွာ.....တစ်ယောက်တည်းလည်း မဟုတ်ပါဘူး "

"ဟုတ်တယ် မေမေ အငယ်လေးပါတယ်။"
အငယ်လေးဆိုမှကြည့်မိသည် ကျွန်တော့်အထုပ်တွေကို သယ်ထားတာ ခုထိမချသေး။

"အငယ်လေး.....အထုပ်တွေကို ကောင်မလေးတွေကို ပေးလိုက်လေ။ပြီးတော့ မတ်တပ်ရပ်မနေနဲ့ ညောင်းတယ် လာအကို့ဘေးလာထိုင်။ "

သူထိုင်နေတဲ့ ကုတင်ဘေးနေရာကို ပုတ်ပြီး ပြောလိုက်သည်။

"ရ..ရပါတယ် "
ဂျောင်ကု ရှိန်နေမိသည် ဂျီမင်နီးတို့က ဒီလောက်တောင်ပဲ ချမ်းသာတာလား ဆော့ဂျင်ကသာ ခဏခဏရောက်ဖူးပေမယ့် သူကတော့ ပထမဆုံးဖြစ်သည်။ပြီးတော့ အရှေ့က သူ့ယောက္ခမတွေလေ။

"လာပါသားရဲ့ ဂျီဂျီရဲ့ ဂရုစိုက်ခံရတာ ကံကောင်းတယ်နော် သူက တစ်အိမ်လုံးကို ဂျစ်တိုက်ဖို့ပဲသိတာ။"

"ဟုတ်....."
ဂျီမင်နီးဘေး ဝင်ထိုင်မိတော့ ပြုံးပြပြီး လက်ကလေးကို မသိမသာလေး ပုတ်ပေးလာသည်။

မိဘနှစ်ဉီးကလည်း ထူးဆန်းနေသည့် သူတို့ဂျီဂျီအား ပါးစပ်အဟောင်းသားနှင့်သာ ကြည့်နေမိသည်။

"မေမေက ဘာလို့မေ့လဲရတာလဲ ဖေဖေက ဂရုမစိုက်တာလား။"

"ဟာ...ဟျောင့် ဧည့်သည်ရှေ့လာဟောက်မနေနဲ့ ဂရုစိုက်လိုက်တာမှတုန်လို့ အလုပ်ချိန်လေး အစည်းအဝေးသွားတက်တုန်းဖြစ်တာ ငါက ဘာတတ်နိုင်မလဲကွ....အလုပ်မသွားခင်ဆိုလည်း ငါ့မိန်းမကို ငါက ကိုယ်တိုင် မနက်စာပြင်ပေးမှ ကျေနပ်တဲ့ ကောင်ပါကွာ"

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Nơi câu chuyện tồn tại. Hãy khám phá bây giờ