အပိုင်း ၂၄

1.2K 129 31
                                    

"ဂျီမင်ရှီး"
ကုမ္ပဏီထဲ ဝင်ဝင်ချင်း ဧည့်ကြိုကောင်တာနားက ထိုင်ခုံတွင် ထိုင်နေသည့် ဟာနာက သူ့အနားကို အပြေးလာလေသည်။အနီတောက်တောက် ဂါဝန်လေးနဲ့မို့ လူအများကြားထဲ ထင်ပေါ်နေသည့်အပြင် အပြုံးတွေကလည်း တောက်ပတာကြောင့် ပုရိသတို့မှာ ငေးယူရသည့်အဖြစ်။

"ဪ....ဟာနာ ဘာလာလုပ်တာလဲ"

"ဂျီမင့်ဆီ လာတာလေ ဘာလဲလာလို့မရဘူးလား"
သူမ စိတ်ဆိုးဟန်ကို့ကာ ပြောလာသည်က ဘေးမှဖြတ်လျှောက်သူတို့ကိုပင် မှင်သက်သွားစေသည်။

"မဟုတ်တာ...ဒါပေမယ့် ကိုက အလုပ်တွေရှိသေးတော့...."

"ဟီးးဟီးး"
သွားတန်းလေးတွေ ပေါ်သည်ထိ ရယ်လာတဲ့သူမ။

"ဟာနာက စတာပါ....ဒီကိုလာတာက ဒီဇိုင်းအသစ်ထွက်တဲ့ဝတ်စုံကို လာယူတာလေ....မော်ဒယ်က ဟာနာပေါ့"

"ဟား....ဟုတ်လား ဟာနာနဲ့ဆိုရင်တော့ ပြောစရာမလိုအောင် လိုက်နေတော့မှာ"
အသိမိတ်ဆွေအနေနဲ့ မြှောက်ပင့်ခြင်းဆန်တဲ့ သူ့စကားမှာ ပိုတာတော့ မရှိ။

"ဟီး...ဂျီမင်ကလည်း"
သူနှင့် ဟာနာသည် သက်တူရွယ်တူမို့ နာမည်ကို ရင်းရင်းနှီးနှီးခေါ်ကြသည်။
ဟာနာကတော့ သူ့အပြောကြောင့် ရှက်သွားဟန် သူ့လည်ပင်းကို သူ ပြန်ပွတ်​ေနသည်။

ထိုအပြုအမူလေးတွေသည် အငယ်လေးရှက်ရင် လုပ်နေကြအပြုအမူလေးဖြစ်သည်။

ပေါ်လာပြန်ပါပြီ။ အတွေးတွေထဲလည်း ထိုသူဟာ သိပ်စိုးမိုးလွန်းလှသည်။
ကိုယ့်စိတ်ကိုကုဖို့ နောက်ရက်များတော့ ချစ်ရသူဆီ သွားကာတွေ့လိုက်တော့မည်။ခဏလောက်တော့ သည်းခံရ​ေပအုံးမည်ပေါ့။

"ဂျီမင်ရှီး....."

"ဟင်....ပြောဟာနာ"
ဟာနာ့ရဲ့ခေါ်သံကြောင့် အတွေးကမ္ဘာရပ်တန့်သွားခဲ့သည်။

"ဂျီမင်က ဟာနာ့ကို ကြည့်ပြီး ပြုံးနေလို့ပါ ဟာနာဘာဖြစ်နေလို့လဲ"
ဟာနာပြောတာလဲမမှား သူတို့စတွေ့တုန်းကလည်း ဂျီမင်သည် သူကိုကြည့်ကြည့်ပြီး ပြုံးနေခဲ့တာမလား။
သူမစိတ်ဝင်စားနေသူသည် သူမအားပြန်ကာစိတ်ဝင်စားနေမလားဆိုတဲ့ အတွေးလေးက နည်းနည်းလေး ထင်သာလာသလို။

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Nơi câu chuyện tồn tại. Hãy khám phá bây giờ