အပိုင်း၁၆ (part 2)

1.3K 137 20
                                    

လပြည့်ညရဲ့ ပျော်ပွဲရွှင်ပွဲတစ်ခု လူတိုင်းလိုလိုက အပြုံးပန်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်နေကြပြီး ဂစ်တာတီးသူကတီး သီချင်းဆိုသူက ဆိုဖြင့် အသက်ဝင်လှပါသည်။

အသက်မဲ့နေသူတစ်ယောက်တော့ရှိသည်။ လက်ထဲတွင်လည်း အရက်ခွက်ကလေးကိုင်ထားပြီး ဆွေးမြေ့စွာ ကြင်နာသူနှင့်သူ၏အချစ်ဟောင်းတို့၏ စကားပွဲလေးအား ကြည့်နေသည်။

"ထယ်ထယ်...."
ထိုင်နေရာမှ အရှေ့သို့ အမည်ခေါ်ကာ ရောက်လာသူက ကုကု

ကိုကိုထင်နေတာ.....

"အင်း ကုကုထိုင်လေ...."

"ထယ်ထယ် ဘာလို့သောက်နေတာလဲ မသောက်နိုင်ပဲ"

"ဘယ်သူပြောလဲ မသောက်နိုင်ဘူးလို့"

"မသောက်ပါနဲ့တော့ကွာ...."

"ဒီတစ်ခါပါပဲ နောက်ဆိုမသောက်တော့ပါဘူး"

"အဆင်ပြေရဲ့လား ထယ်ထယ်"
စကားနည်းတဲ့ကုကုပင် လာရောက်အားပေးနေပုံထောက်ရင် သူပုံက အလူးအလဲဖြစ်နေလို့လား။

"မပြေစရာလား ကုကုရဲ့"

"မျက်ရည်တွေကျနေတယ်...."
ထိုသို့ပြောတော့မှ သူ့မျက်နှာသူ ပြန်စမ်းပြီး အသဲသန်တွေ သုတ်နေလေသည်

"ထယ်ထယ်ရာ....."
ဆော့ဂျင်တို့လုပ်ပုံမဟုတ်သေးဘူး သူပြောမှ ဖြစ်တော့မယ် ဘယ်လောက်ပဲ ခင်တယ်ပြောပြော ရည်စားဟောင်းကို အိမ်ပေါ်ခေါ်တင်တာတော့ မဖြစ်သင့်

"ကုကု...ငါလက်လွှတ်လိုက်တော့မယ်"

"မဟုတ်တာ ကြိုးစားပိုင်ခွင့်မင်းမှာအပြည့်ရှိတယ်"

"ဟား အားတိုက်သွားပြီ ချစ်တုံးကြီးရာ"

"မင်းမူးနေပြီ တော်တော့"

"မမူးပါဘူးဆို...."

"မင်းဂျီဂျီနဲ့ ဘယ်ထိရောက်နေပြီလဲ"

"မင်းစကားလမ်းကြောင်းတွေ အရမ်းလွှဲတာပဲ"

"ဖြေပေးစမ်းပါ ထယ်ထယ့်အကြောင်းတွေပဲ ပြောရတော့ မွန်းကြပ်လို့"

"အင်း....ဒီည ဖွင့်ပြောမှာ...."
ကျွန်တောပြောရင်း တဖက်မီးပုံဘေးက ဂျီမင်နီးကို လှမ်းကြည့်တော့ အကြည့်ချင်းဆုံလေသည်။

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Tempat cerita menjadi hidup. Temukan sekarang