အပိုင်း ၁၄

1.2K 144 0
                                    

"ဂျီမင်...ဘယ်လိုလဲ အေးချမ်းတယ်မလား"

"ဟုတ်တယ်..အကိုဆော့ဂျင် ဆိုးလ်မှာဆို အိမ်ထဲပဲပိတ်မိနေတတ်တာ"

"သဘောကျရင်ကျေနပ်ပါတယ်ကွာ"
အကိုနဲ့စကားလက်ဆုံပြောပြီးသည်နှင့် တောင်ခြေသို့ ပြန်ဆင်းလာကြတော့သည်။

တောင်ခြေပြန်ရောက်လာတော့ အငယ်လေးက ခါးထောက်ထားကာ မျက်မှောင်မှာကြုတ်နေသည်။

ထယ်ထယ်သည်လည်း စိတ်ပျက်တဲ့မျက်လုံးတို့ဖြင့် သူနဲ့အကိုဆော့ဂျင်အား ကြည့်လာသည်။

"ထယ်ထယ်...ဘာဖြစ်လို့လဲ"

္"ဒီမှာကြည့်ပါအုံး...ဂျီဂျီရယ် ဘယ်သူတွေလုပ်သွားလဲမသိပါဘူး"
ထယ်ထယ်ညွှန်ပြရာ ကြည့်လိုက်တော့ စက်ဘီးနှစ်စီးတွင် လေမရှိတော့။

ထိုစက်ဘီးတွေသည် အငယ်လေးရဲ့သားလေးနှင့် အကိုဆော့ဂျင်၏ဘီးအနက်လေးဖြစ်သည်။

"ဘယ်လိုဖြစ်ရပါလိမ့်..."

"သွားပါပြီကွာ...ဒီဘီးကဝယ်ထားတာမကြာသေးဘူး"
အကိုဆော့ဂျင်မှ လွမ်းလွမ်းဆွေးဆွေးပင်ဆိုသည်။

"ဒါက တမင်ရည်ရွယ်ပြီးလုပ်တာထင်တယ်ကိုကို"

"အမှန်ပဲ....ခုဘယ်လိုလုပ်ကျမလဲ"
အငယ်လေးကတော့ ဘာမှမပြော ဒီတိုင်း သူ့နဂိုပုံစံကိုသာ ဆောင်သည်

"ရပါတယ် ဒီလိုဆို သော့ခတ်ထားခဲ့ပြီး နှစ်ယောက်တစ်စီးစီ စီးပြန်ကြတာပေါ့"

"ဒါဆို ထယ်ထယ်က ကိုကိုနဲ့စီးမယ် ကိုကိုက နင်း"
ထယ်ထယ်နဲ့ကိုကိုသည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် အခွင့်အရေးယူတတ်ကြသည်မို့ ေထွးထူးမနေဘဲ သူကသာ အငယ်လေးအပေါ် မဝ့ံမရဲဖြစ်လို့နေသည်။

"အဲ့..အဲ့လိုဆိုပေမယ့်  အငယ်လေးက အကိုနဲ့စီးချင်ပါ့မလား"
ထိုအခါ ဂျောင်ကုမျက်လုံးတို့က ဂျီမင့်ထံ ဒိုင်းကနဲ

သူပြောတာဘာမှားလို့လဲ

"ဟို..ဟိုပြောချင်တာက အငယ်လေးက..."

"ခင်ဗျားတော်တော့....ထယ်ထယ်တို့သွားနှင့်"
အခြေအနေကြီးက တစ်ခုခုဖြစ်နေတာအမှန်ပေကြောင့် ဆော့ဂျင်နဲ့ထယ်ထယ် တန်းနေအောင် နင်းပြေးရပါတော့သည်။

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Onde histórias criam vida. Descubra agora