အပိုင်း၇

1.4K 174 2
                                    

Uni
=======

"ထယ်ထယ်ရေ ပစ္စည်းတွေ ကိုကိုတို့ ဘာသာချလိုက်မယ် အေးဆေးနေနော်"

"မဟုတ်တာ ကိုကိုကလည်း ကျွန်တော်လည်း ကူညီပေးမယ်လေ"
မကြားစဖူးကြားလိုက်ရသည့် ရင့်ရင့်သီသီးမဟုတ်တောင် သူ့အတွက်က ထိုထက်ပိုသည့် ကျွန်တော်ဆိုတဲ့ နာမ်စားကို သူမနှစ်သက်စွာ ထပ်ကာမေးမိသည်။

"ဘာ..ဘယ်လိုပြောလိုက်တယ် ကျွန်တော်ဆိုတာကြီးကို ပြန်​ပြင်  ထယ်ထယ်"

"ကျွန်တော်က ဘာဖြစ်လို့လဲကိုကိုရဲ့"

"မရဘူးနော် ကိုကို မကြိုက်ဘူး"

"ထယ်ထယ် ရင့်ကျတ်ချင်လို့ပါ "
ထိုသို့ ဆိုတဲ့စကားသည် နားထောင်ရသူအဖို့ ကလောနေပြီး ရွဲ့စောင်းနေသလိုပဲ ထင်နေမိသည်။

"အဆင်ပြေတယ်ကိုကို့အတွက်က မရင့်ကျက်လည်း "

"ဟုတ်လို့လား ကိုကို စျေးထဲမှာ အဒေါ်နဲ့ပြောနေတာ ကြားလိုက်ပါတယ်"
တကယ်ကိုပဲ ရွဲ့နေခဲ့တာပဲ။

သူတို့တွေ ဘယ်အဆင့်ကို တက်လှမ်းနေပြီလည်းဆိုတာ သူ ရေရေရာရာမသိ။သူသည်ကတော့ ထယ်ထယ့်ကို ဖြူဖြူစင်စင်ပဲ မြင်ချင်သည်ကြောင့် အရောင်ဆိုးဖို့ စိတ်ကူးမရှိ။

ထယ်ထယ်ကရော စူကောက်ကောက်နဲ့ချစ်ဖို့ကောင်းစွာ သဝန်တိုနေတာဟာ သူအပေါ် ဘယ်အဆင့်ထိ ရည်ရွယ်ထားနေခဲ့လို့လဲ။
......................
...........................
...............................

လွန်ခဲ့သော နာရီ အနည်းငယ်က စျေးထဲတွင်....

"ကိိုကို.... ထယ်ထယ် ရေခဲမုန့်စားချင်လို့"

"အင်း သွားဝယ်လေ ရော့ ပိုက်ဆံယူသွား ထယ်ထယ်"

"အာ..ရပါတယ် ထယ်ထယ့်မှာ ကိုကိုမုန့်ဖိုးပေးတုန်းက စုထားတာတွေရှိတယ်"

"ဟုတ်လား လိမ္မာလိုက်တာ"

ချီးကျူးပြီး ဆံပင်လေးတွေကို ဖွပေးလိုက်တော့ မျက်လုံးကြည်တောက်တောက်လေးတွေနှင့် ကြည့်လာသည် အရမ်းဖြူစင်တာပဲ ထယ်ထယ်ရယ် ကိုကို အရောင်မဆိုးခြင်းက အမှားတော့ မဟုတ်လေဘူးမလား

ထယ်ထယ်လည်း ကိုကို့ အတွက်ပါ ရေခဲမုန့် ဝယ်ကျွေးရမည်ဆိုကာ ရေခဲမုန့်ဆိုင် ရှိရာသို့ ‌ေြခလှမ်းတို့သည် ဦးတည်လျက်

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Onde histórias criam vida. Descubra agora