အပိုင်း ၃

1.8K 182 20
                                    

Uni
========

"ဟူးးးးး
မောလိုက်တာ ငါက ဘာကိုသိလို့ ဘယ်ကို သွားနေတာလဲ "

"ဘာလုပ်ရမလဲ ဂျီဂျီရေ စဉ်းစားပါအုံးလား"သေချင်စော်နံနေရင်း ပါးစပ်ကလည်း ဉာဉ်လေးတိုင်း ပွစိထိုးနေမိသည်။

ငုတ်တုတ်ထိုင်ကာ ဆံပင်တွေကို ဆွဲဖွပြီး မရှိမဲ့ရှိမဲ့ ဉာဏ်လေးအား ကုတ်ခြစ်စဉ်းစားနေစဉ် အတွေးတစ်ခုကြောင့် မတ်တပ်ရပ်ကာ လက်ဖျောက်ကလေးတီးလိုက်သည်။
"အာ ဖေဖေ ဟုတ်သား ဖုန်းဆက်လို့ ရရဲ့သားနဲ့ ငါတော့ကြောင်နေပြီပဲ"
ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို ထုတ်ပြီး ဆက်မယ်ရှိသေး မြင်လိုက်ရတာက စက်ပိတ်နေပြီဖြစ်တဲ့ဖုန်း

"ဂျီဂျီရေ မင်းတော့ ဒီနေ့ပြဿဒါးပဲကွာဂျီဂျီ မင်းခုချိန်မှာတောင် အားမလျှော့နဲ့ ဖေဖေတို့ပြောတာတော့ လိမ္မော်ခြံ ဆိုတော့ ရှာရင်တော့​ေတွ့မှာပါ"
အားလာပေးမယ့်သူ မရှိလေတော့ ကိုယ့်ဘာသာကိုယ် အားပေးပြီး
လက်အပြည့်ရှိတဲ့ အထုပ်တွေကို သယ်။
မျက်လုံးကိုလည်း အနားမပေးဘဲ ခရီးဆန့်ရတော့သည်။
.
.
.
.
.

အေးရာအေးကြောင်း လိမ္မော်ခြံထဲ လာအိပ်တာပဲကောင်းတယ် ဟိုစာရေးဆရာဆိုတဲ့ မြို့သားက ဘယ်တော့မှ လာမလဲမသိ စောင့်နေရတဲ့ သူတွေမှ အားမနာ ဘယ်လိုတွေတောင်လဲ ကြာမယ်ဆိုဖုန်းဆက်ပေါ့။
ရောက်မှ သင်ခန်းစာကောင်းကောင်းပေးပစ်မယ်။

ကိုတော်ချော ကုကုတစ်ယောက် တွေးချင်ရာတွေး ဒေါသထွက်ချင်ရာထွက်ပြီး မြက်ခင်းပေါ် သာလှဲအိပ်လေတော့သည်။

ဘယ်လောက်ပဲ စိတ်ညစ်ညစ် ဒီခြံထဲက ဒီမြက်ခင်းပေါ် လှဲအိပ်လိုက်ရင်ကို ညစ်စရာ တွေက ယူပစ်သလိုပျောက်ကုန်တာ ထို့ကြောင့် သူ ဒီခြံ ဒီမြေကို ချစ်ပါသည်။

ဒါကြောင့်ပဲ မြို့တက်ပြီး တိုက်ခန်းငှားကာကျောင်းတက်ရမည့် ကိစ္စကို အသည်းအသန် ဆော့ဂျင်ဆီမှာ ငြင်းဆန်နေခြင်း ။

ဟုတ်တယ်လေ ဘူဆန်မှာပဲ အသွားအပြန် တက်ရနေတာကို အပိုတွေလုပ်ပြီး ဆိုးလ်မှာ တက်ခိုင်းနေတယ် စိတ်က ရှုပ်ရရှုပ်နဲ့သူအေးအေးဆေးဆေးသာ နေချင်ပါသည်။

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Tempat cerita menjadi hidup. Temukan sekarang