အပိုင်း၉

1.3K 160 1
                                    

Uni
=======

ရေမိုးချိုး အဝတ္စားလဲ ဝတၳု နဲ့ပက်သက်တာလေး​ေတွှ ရှာဖွှေပြီး နာရီကြည့်တော့ ၁၁ခွဲနေလေပြီ အချိန်တော်တော်လင့်နေပြီမို့အိပ်ယာဝင်ရန် ဆုံးဖြတ်လိုက်ပြီး ကုတင်ပေါ်ဝင်လှဲကာ မီးအိမ် ကို ပိတ်လိုက်တော့ တိုးညင်းစွာ ကြားလိုက်ရသော ငြီးသံ။

ထို့ကြောင့် သေချာနားထောင်ကြည့်တော့ ထပ်မံကြားရပြန်သည် ဂျောင်ကုအခန်းဖက်က ဖြစ်နေ၍ ဂျီမင် အလျင်အမြန်ထကာ အကိုဆော့ဂျင်ဆီမှတောင်းထားတဲ့ သော့ပိုကို ယူကာ ထွက်လာခဲ့လိုက်သည်။

အခန်းတံခါးဖွင့်ပြီး လှမ်းကြည့်လိုက်တော့ သိသိသာသာကို တုန်ယင်နေတဲ့ ဂျောင်ကုကြောင့် ခြေလှမ်းတွေက လျင်မြန်စွာပင် သူရှိရာသို့ ခေါ်ဆောင်သွားပေးသည်။

မျက်နှာ ကလည်းတော်တော်လေးကို နီတွတ်နေကာ အငယ်လေးတော်တော်ကို ဖျားနေပြီဆိုတာ သိလိုက်သည်

ထို့ကြောင့် အကိုဆော့ဂျင် ပြပေးထားတဲ့ ဆေးကို တိုက်ရန် လှုပ်နှိုးတော့ နိုးမလာ

သူဘာဆက်လုပ်ရမယ်မှန်း မသိတော့ အကိုတို့ကို နှိုးဖို့ကျတော့လည်း အချိန်က ညဥ့်နက်နေသည့်အတွက် အားနာရပြန်သည်။

နောက်ဆုံး ဆေးကို အမှုန့်ကြိတ် စားပွဲပေါ်က အဆင်သင့်တင်ထားတဲ့ ရေခရားထဲမှ ရေယူပြီး ခွက်ထဲသို့ရောထည့်ကာ တိုက်ရတော့မည်။

ဂျောင်ကုကိုယ်ကို ချိုင်းမှ လျှို၍  ဆြဲထူကာ ခေါင်းအုံးကို ကုတင်ခေါင်းရင်းတွင် မှီစေလိုက်သည်။

ထိုအခါ အနည်းငယ်တော့ လှုပ်ရှားလာသည် ထို့ကြောင့် ​ေဂျာင်ကုအား ဂျီမင်မှ ချော့မော့ကာ ဆိုရပြန်သည် နေ့လည်က သတင်းအရ ဂျောင်ကု ဆေးမကြိုက်တာ သိထားတယ်မလား။

"အငယ်လေးရေ.. ဆေးသောက်မယ်နော် နည်းနည်းတော့ခါးမယ် ကြိတ်ထားတော့ ပါးစပ္ကေလး နည်းနည်းဖွင့်ပေးပါလား"

ပြောပြီးသည်နှင့် ဖွင့်ဟလာတဲ့ နှုတ်ခမ်းအစုံ။

တော်ပါသေးရဲ့ ဂဂျီဂကြောင်မလုပ်ပါဘဲ တန်းလက်ခံလို့သာပေါ့ မဟုတ်ရင် သူ ဘယ်လိုကိုင်တွယ်ရမည်ကို သိမှာမဟုတ်။

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Место, где живут истории. Откройте их для себя