Uni
========"နမ်းတဲ့ ကိစ္စက မပြီးကြသေးဘူးလား"
နှစ်ဉီးသားကြား ဟိန်းထွက်လာသည့် အသံရယ်ကြောင့် မရှိသွားဖြဲပြမိသည်။"ဟီး ပြီးပါပြီ ဒါနဲ့ အဲ့တာက ဘယ်သူလဲကုကု"
"အဲ့တာ ဂျီမင်လေးပဲ ဘာဖြစ်လာတာလဲ "
ထယ်ထယ် မေးတာဖြေမလို့ရှိသေး ကြားကဖြတ်ပြောတဲ့ အကိုတော်ကြောင့် ပါးစပ်ညောင်းစရာ မလိုတော့ဟု ဂျောင်ကု တွေးလိုက်တော့သည်။စကားတွေကို လိုသည်ထက် မပိုချင်။
"လာလာလာ ငကု ထိုင်ခုံပေါ်ချပေးလိုက်လေ ဖြေးဖြေးလည်း ချအုံး ဘာဖြစ်တာလဲ ဂျီမင်"
"အဲ့တာ ကျွန်တော် ခြေခေါက်လဲတာပါ အကိုတို့ ခြံလိပ်စာက ကားထဲပါသွားတာလေ နောက်တော့ ကျွန်တော်လည်း
လိမ္မော်ခြံတွေ့တာနဲ့ အကိုတို့ခြံဖြစ်လောက်တယ်ဆိုပြီး ဝင်ရှာတာ ဒီက အလုပ်သမားကောင်လေး ကိုတက်နင်းမိပြီး ခြေခေါက်လဲတာပါ."
တရှည်တလျားပြောပြပြီး လက်ညိုးကလည်း ေဂျာင်ကုကို ထိုးလိုက်တဲ့ ကောင်လေးကြောင့် ဆော့ဂျင်အပါအဝင် အကုန်လုံးကြောင်ကုန်၍ နောက်တခါ ထပ်မေးရလေသည်။"ဂျီမင် ဟိုဟာလေ အကိုမရှင်းလို့ အလုပ်သမားကောင်လေးဆိုတာက..."
"သူ့ကိုပြောတာလေ အကိုဆော့ဂျင်"
ဂျောင်ကုကို လက်ညိုးနောက်တခါ ထပ်ထိုးပြတာကြောင့် ထယ်ထယ် ခွီ ခနဲ ထရီမိလေတော့သည် ကုကုလည်း ခုမှ ဝဋ်ကောင်းကောင်းလည်တော့သည် ဆိုသော အဓိပ္ပါယ်ဖြင့်။
ဘာကိုမှ ရေရေရာရာမသိတဲ့ ဂျီမင်ကတော့ ဆော့ဂျင်နဲ့ထယ်ထယ့်ကိုကြည့်ပြီး
"ကျွန်တော်ပြောတဲ့ထဲ ရီစရာများပါလို့လားဟင်"မြင်လား ကြောင်တောင်တောင် မျက်နှာပေးနဲ့ကြည့်ပြန်ပြီ အဲ့တာကို ဂျောင်ကုတို့ အသည်းယားတယ်ဆို လွန်လေမလား
"မဟုတ်ဘူး အကို အဟမ်း သူက ကိုကို.. အာ အကိုဆော့ဂျင်ရဲ့ ညီအရင်းပါ"
မပြတ်တော့သည့် လေကြောအား ထယ်ေယာင်းဝင်ဖြတ်ပေးလိုက်တော့သည်။ထိုအခါမှ အားနာသွားသည်ထင် သူတို့သုံးယောက်အား တလှည့်စီကြည့်ပြီး ပြုံးပြကာ ဂျောင်ကုအား တောင်းပန်လေသည်
BẠN ĐANG ĐỌC
ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||
FanfictionUnicode + Zawgyi ကျွန်တော့်ဆီသို့ တည့်မတ်စွာကျရောက်လာတဲ့ ကံကြမ္မာငယ်ရယ် ခင်ဗျားလေးက အဆိုးတွေနဲ့အတူ ကောင်းခြင်းတွေပါ ယူဆောင်လာနိုင်သူပါ (ပထမဆုံးလည်းဖြစ်တာမို့ အရေးအသားက အရမ်းနုပါတယ် ဒါကြောင့် စာဖတ်သက်တမ်းရင့်သူတွေအတွက် အဆင်ပြေနိုင်မည်မထင်ပါ) Started...