အပိုင်း၁၈

1.2K 130 10
                                    

ပြသနာတွေ ဖြစ်ပြီးတော့ ဂျောင်ကု အခန်းဆီသာ ပြန်လာခဲ့လိုက်သည်။

သူဆော့ဂျင်ကိုတော့ သိစေချင်တာတွေ ပြောခဲ့သည်။

ဟူး.....ရည်းစားရတာတောင် အပူတွေက ပေါ်လာတော့ အေးအေးဆေးဆေး မရိုရေသး။

ဂျီမင်နီး အခန်းကို ကျော်ပြီးမှ ကျွန်တော့်အခန်းသို့ သွားရသည်။

အခန်းနားလည်းရောက် တံခါးဖွင့်လာတဲ့ ဂျီမင်နီးကြောင့် လှည့်ကြည့်တော့ လက်ထဲတွင် အထုပ်ပိုးတွေနှင့် သူ့ကိုပင် တစ်ချက်သာကြည့်ပြီး အောက်ထပ်သို့ ဆင်းမယ်ပြင်နေတုန်း လက်တစ်ဖက်ကို အမြန်ဆွဲလိုက်ရသည်။

"ဘယ်သွားမလို့လဲ ဂျီမင်နီး"

ခေါ်လိုက်တော့ သူအား လှည့်​ြကည့်လာပြီး အလျင်စလိုတွေ ပြောလာသည်။

"အ..အငယ်လေး မေမေ မူးလဲလို့တဲ့ ဟင့် ဘာလိုလုပ္မလဲ"

ငိုထားတာ ဖြစ်မယ် မျက်လုံးတွေရဲနေသည်။ ပြသနာတွေဆိုတာ အတောင့်လိုက် အတစ်လိုက် လာသလိုမျိုး။

သူ ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ဖက်ထားလိုက်သည်။

"ဟုတ်တာပေါ့ ကြောက်နေမှာပဲ ဂျီမင်နီးလေးက တိတ်နော်....မငိုပါနဲ့ ဒီက ပိုခံစားရတယ်"
အကြီးဆိုပေမယ့် သူ့အတွက် ဟျောင်းက ကလေးလေးမို့ မချော့တတ်ပေမယ့်လည်း ရင်ထဲက စကားလုံးတွေနဲ့ ကလေးတွေကို ချော့သလို ချော့နေမိသည်။

"အငယ်လေး......အင့်..ဟင့် ေကြာက်တယ် တစ်ခုခုဖြစ်မှာ"

"သက်သာမှာပါ...စိတ်မပူပါနဲ့ ကျွန်တော်ပါ လိုက်ခဲ့မယ် ဂျီမင်နီးကို တစ်ယောက်တည်း စိတ်မချလို့"

"ဟင်...တကယ်လား ထယ်ထယ်ကရော.."
သိပ်ဝမ်းသာသွားတာသိတာပေါ့။ဒါတောင် တခြားသူကိုလည်း ထည့်စဉ်းစားပေးတတ်တဲ့ ဂျီမင်နီးက သိပ်ဖြူစင်တယ်။

"ဆော့ဂျင်ရှိပါတယ် ဒီတစ်ခါသာ ထပ်မှားရင် ဆော့ဂျင်ကို ကျွန်တော်ထိုး​ေတာ့မှာ.....ခုတော့ သွားရအောင်နော်.."

သူအထုပ်တွေကို ဆွဲလိုက်ပြီး တစ်ဖက်ကလည်း ဂျီမင်နီးလက်ကို ကိုင်ကာ အောက်ကို ဆင်းလာလိုက်သည်။

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Nơi câu chuyện tồn tại. Hãy khám phá bây giờ