အပိုင်း၁၇

1.2K 132 9
                                    

အိပ်ယာရဲ့ ​ခြေရင်းမှ စကားပြောသံတစ်ခုကြားနေပေမယ့် ခေါင်းတွေက ထိုးကိုက်နေပြီး ကိုယ်လက်တွေကလည်း ကိုက်ခဲ့နေတော့ တော်ယုံနဲ့ မထနိုင်။

ဒီ အိပ်ယာပေါ်ကို သူဘယ်လိုရောက်လာခဲ့သလဲ။

မနေ့ညက စိတ်ကြိုက်ကိုသောက်ပြီး ဘယ်သူမှ မရှိတဲ့နေရာကို ရှောင်ထွက်ကာ အော်ငိုနေ​သေးသည်။

ကျွန်တော် လမင်းကြီးကို ကြည့်ကာ ပြောပြောငိုတာကြောင့် လမင်းကြီးတောင် မျက်နှာငယ်လေးရယ်။

ဒါလည်း ကျွန်တော်မမှတ် အထပ်ထပ်ကို ငိုသည် ပြီးတော့ ဘာဖြစ်သွားသလဲ မသိ မှောင်ကျသွားတော့သည်။

မနက်ရောက်တော့ အခန်းထဲရှိ အိပ်ယာပေါ်သို့ရောက်နှင့်နေပြီ

ကိုကိုများလားလို့ ရူးရူးမိုက်မိုက် တွေးကြည့်သေးသည် မဖြစ်နိုင်တာကြီးကို

"ဟုတ်...ဒီနေ့လာခဲ့ပါ အန်တီ"

"........."

"မစိုးရိမ်ပါနဲ့....."

".........."

"မဟုတ်တာ.....ထယ်ထယ်က ကျွန်တော့်ညီအရင်းလိုပါပဲ အပန်းမကြီးပါဘူး"

"............."

ကျွန်တော့် နာမည်ကို ကြားလိုက်ပါသည် ဘယ်သူနဲ့ ပြောနေလို့ ကျွန်တော်က ပါလာရတာလဲ ကျွတ် တစ်ချက်စုတ်လိုက်ပြီး ထ ထိုင်လိုက်သည်။

".........."

"ဟူးးး"

သက်ပြင်းတွေချပြီး ကျွန်တော့်ဘက် လှည့်လာတဲ့ ကိုကို မျက်နှာတစ်ချက်ပျက်သွားပေမယ့် ခပ်တည်တည်ပင် ပြန်နေသည်။ ဒါက ကိုိကို့ ပုံစံတော့မဟုတ်။

"ကိုကို...ဘယ်သူနဲ့ ပြောနေတာလဲ"

"ဘာမှမဟုတ်ပါဘူး မင်းဘာလို့ ညက အရမ်းတွေ သောက်နေတာလဲ"
သူ့ကို ကိုကိုက စိတ်ပူနေတာလား ထိုသို့စိတ်ပူမခံရတာတောင် ကြာပြီ

"ဒီတိုင်း ေသာက်ကြည့်ချင်လို့ပါ"

"နောက်တစ်ခါ သောက်ချင်တယ်ဆိုတိုင်း မသောက်နဲ့ ဂျောင်ကုမှာ မင်းလဲနေလို့ ချီပိုးလာရတာ မလွယ်ဘူး သူများတွေကိုအားနာပါ"
သူ့ကို စိတ်ပူတာမဟုတ်ဘူးဘဲ သူများတွေကို အားနာနေတာကိုကိုက

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Onde histórias criam vida. Descubra agora