အပိုင်း၁၆(part 1)

1.2K 127 8
                                    

လေပြေညှင်းသွဲ့သွဲ့ကို မျက်လုံးတွေမှိတ်ကာ ခံစားနေပြီး မှဲ့လေးတည်ရှိရာ နှာခေါင်းဆီသို့ လေနှင့်အတူ ပါလာတဲ့ ပန်းရနံ့တွေကို ရှူရှိုက်နေခြင်းသည် စိတ်အခြေအနေကောင်းလွန်းနေတာကြောင့်ရယ်တော့မဟုတ် သူစိမ်းဆန်လွန်းသူအား ခဏလောက်ဖြစ်ဖြစ် မေ့ထားချင်တာကြောင့်ဖြစ်သည်။

ကိုကိုသည် မသိဘာသာနေသည့် နေရာတွင် ဆရာကျလှသည်  ခုဆို နမ်းခဲ့ပါသော နေ့မှစ ရေတွက်ကြည့်လျှင် ရက်တွေက တစ်ပတ်ပြန်လည်လာပြီ ကိိုကိုက ရှောင်တုန်းရှားတုန်း ဒီထယ်ထယ်မှာ ဒီကိုကိုပဲ ရွိတယ္ဆိုတာမ်ား မေ့လျော့နေသလား။

မေ့နေတယ်ဆိုရင် တော်သေးသည် သတိရပါလျက် မေ့ချင်ဟန်ဆောင်ရင်တော့ဖြင့် ရင်တွေနာရချည်ရဲ့။

မေ့ထားချင်လို့ ဒီပန်းခင်းကို လာပါတယ် သတိရရပြီး တွေးတွေးဆွေးနေတော့ ခက္သား။

တစ်ပတ်အတွင်း အမျိုးမျိုးလိုက်ကပ်နေလည်း ခွာမြဲခွာတုန်း လိုမှသာ ပြောဆိုသည် ဒါတောင် တစ်အိမ်တည်းမို့။

ကုကုတို့ကို မေးမြန်းကြည့်ပြန်တော့လည်း သူက ဂျီဂျီဆီသာ အာရုံရှိတာရယ်ကြောင့် တခြားအရာတွေဆို "ဘူး." သာဆောင်သည်။
ထို့ကြောင့်လည်း မမေးဖြစ်တော့။

ကိုကသာ ခံစားနေတာ အိမ်တွင် ရှိနေသူထဲတွင် ဂျီဂျီတို့နှစ်ယောက်သည်လည်း အနေနီးလာခဲ့ပြီး ကိုကိုသည်လည်း ပြုံးပြုံးသာ ။

ထိုအပြုံးတွေမြင်ရပြန်တော့လည်း တစ်မျိုးလေးတော့ နာကျင်တာတွေ သက္သာသား။

မဖြစ်တော့ပါဘူး ဒီလပြည့်ည ပြုလုပ်မည့်ပွဲတွင်တော့ လရောင်အောက်ရပ် မျက်လုံးတွေအား စိုက်ကြည့်ပြီးတော့ကို မေးပစ်အုံးမယ်။

မေးပြီး သစ်စိမ်းချိုးချိုးနေတဲ့ ကိုကို့ကို နောင်ကျင်သွားအောင် အသားကုန္ကို ဖက်ပစ်လိုက်အုံးမယ် ထိုအခါမှ တောင်းပန်လာလို့ကတော့ ချစ်ကြောင်းကြိုက်ကြောင်းပါ ဖွင့်ပြောလိုက်တော့မယ်။

ထိုသို့တွေးပြီး ညအတွက်အားယူကာ ကိုကို ရွိရာ လိမ္မော်ခြံ အချစ်ရပ်ဝန်းလေးဆီသို့

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Donde viven las historias. Descúbrelo ahora