အပိုင်း၈

1.4K 178 6
                                    

Uni
======

လေညှင်းသည် တဖြူးဖြူးတိုက်လျှက်ရှိပြီး ကြည်လင်နေသော ရေအေးများသည်လည်း တသွင်သွင် စီးဆင်းလျက်။ ပတ်ဝန်းကျင်သည် သဘာဝအတိုင်း လှုပ်ရှားနေပါသော်လည်း ငြိမ်သက်နေသည်က တစ်ကိုယ်လုံး၌ ရေများစိုနေပါသော သက်ရှိကောင်လေးနှစ်ဉီးသာ။

ထိုအထဲ၌ ရှက်ရွံနေသူနှင့် တောင်းပန်ချင်သူ ဘယ်သူကများပိုပြီး တိတ်ဆိတ်နေပါသနည်းဟုဆိုလေလျှင် အဖြေသည် နှစ်ဉီးစလုံးဟုသာ ထွက်ပေါ်လာမည်ဖြစ်သည်။

သို့သော် တစ်ဉီးသည် သေချာပေါက် တောင်းပန်စကားပြောရန် ကြိုးစားနေသူဖြစ်သည်

ထို့ကြောင့် ထိုသူကပင် စကားလုံးတို့အား တိုးညှင်းစွာ အစပြုလိုက်သည်။

"တောင်း..ပန်ပါတယ် အငယ်...ဟိုဂျောင်ကု""

စကားလုံးတို့သည် ထစ်ငေါ့နေသည့်ကြားမှပင် နှုတ်ကျိုးနေပြီဖြစ်သော အငယ်လေးဆိုသည့် အခေါ်အဝေါ်အားလည်း အချိန်မှီရန် အလို့ငှာ ဘရိတ်အုပ်ရသေးသည် ဒီချိန်သည် တော်တော်ကို ခက်ခဲလှသည်။တကယ်ဆို သူအတွင်းစိတ်ကသာ အငယ်လေးကို ဆွဲနေခဲ့တဲ့ လက်တွေ့မှာက ဂျောင်ကုလိုသာ အခေါ် များခဲ့သည်။ဒါကိုပင် ထိုအခေါ်ဝေါ်လေးကသာ သူ့ထံမှာ ဆဲွဲမြဲနေလေတော့ ခက်သည်။

"အကို တကယ်ကို တောင်းပန်ပါတယ် စိတ်ရင်းနဲ့ပါ အကို မစသင့်ဘူး အကို......."

"အင့်..."

မရဲတရဲဖြင့် တောင်းပန်နေတုန်း ထပ်မံ အဖက်ခံလိုက်ရပြန်သည်။

ယခုတခါသည် ရေတံခွန်တွင် ဖက်တုန်းကနှင့်မတူ နှစ်ယောက်စလုံးသည် ထိုင်နေသောကြောင့် ဂျောင်ကု၏ လက်မောင်းတစ်ဖက်အောက်တွင် ဂျီမင်ရဲ့ကိုယ်လေးသည် နစ်မြုပ်နေသည်
အနေအထားသည် ဂျောင်ကုက ဂျီမင်ဘက်မျက်နှာမူနေပြီ ဂျီမင်သည် ရေတံခွန်အား မျက်နှာမူနေသည်။

ထို့နောက် ဂျောင်ကုမှ ပြောလာသည်က
"ဂျီမင်နီး... နောက်အဲ့လိုမစပါနဲ့နော် ကျွန်တော်ကြောင့်ဆိုတဲ့ အပြစ်ကြီး တစ်ခုကို ကျွန်တော့် မိဘတွေနဲ့ တုန်းက ခံစားခဲ့ရတာမလို့ ဂျီမင်နီးကပါ ထပ်ပြီး ခံစားရအောင်မလုပ်ပါနဲ့တော့"

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Where stories live. Discover now