အပိုင်း ၁၅(part 2)

1.2K 134 4
                                    

"ကိုကို အိပ်နေပြီလား "
ကျောပေးနေတဲ့ ကိုကို့ကို သူမေးလိုက်သည်

"အင်း အိပ်နေပြီ"

"အယ်....အိပ်တဲ့သူက ဖြေလို့ရတယ်လား"

"အင်း"
ဒီလူကြီးက ဘာဖြစ်နေတာတုန်း မသိဘူးကွာ အိပ်တော့မယ်

ကိုကို့ခါးကို အနောက်ကနေဖက်ပစ်လိုက်ပြီး ခြေထောက်တွေကိုလည်းခွထားလိုက်သည်

"ထယ်ထယ်ရာ ကိုကိုအိပ်တော့မယ် အင့်"
ရှိုက်သံထွက်လာတာကို သူကြားလိုက်သည်

"ကိုကို...ဘာဖြစ်လို့လဲ "
စိုးရိမ်လို့ အတင်းဆွဲလှည့်တော့လည်း မရ ကိုကိုက ဒီလိုမျိုးမှမဟုတ်တာ ထယ်ထယ့်အသိဆို ကိုကိုက တော်ရုံတန်ရုံနဲ့ ငိုဖို့ဆိုတာ အဝေးကြီး။

"ကိုကို့..... ဘာဖြစ်တာလဲလို့"
သူ ငုတ်တုတ်ထ ထိုင်လိုက်ကာ ကိုကို့ကိုပါအားနဲ့ ဆွဲထူတော့လည်း မနည်းဆွဲရသည် နောက်မှ ထလာတော့သည်

"ထယ်ယောင်း ဘယ်လို ဖြစ်နေတာလဲ ကိုိကို အိပ်နေတယ်လေ"

ကိုကိုအော်တာကြောင့် သူမလှုပ်မယှက်လေး ဖြစ်သွားရသည် ကိုကိုက မအော်ဖူးဘူး တစ်ခါမှ။ ပြီးတော့ ထယ်ယောင်းလို့လဲ ခေါ်တယ်

"ထယ်ထယ်က....အင့်...ဒီတိုင်း...အင့်"
သူ ကိုကို့ရှေ့မှာ သန်မာချင်တယ် ဒါကြောင့် မျက်ရည်တွေတောင် ချုပ်ထားရတာ ဒါပေမယ့် ကိုကိုရှေ့မှာဆို ပိုပျော့ည့ံနေပြန်တယ် ကိုကိုက ထယ်ထယ့် ခိုလှုံရာ မို့ိလို့ပါ။

ချုပ်တည်းလို့ မရတော့ပါ မျက်လုံးထဲကနေ ပြိုကျလာပြီ ထယ်ထယ် တားပါသေးတယ် ဘယ်လိုမှ မရတော့လို့။

ကိုကို့အရှေ့မှာ ကျတဲ့မျက်ရည်တွေကတော့ ဟန်ဆောင်ထားတာတွေ မဟုတ်ရပါဘူး ပကတိအတိုင်း အစစ်အမှန်တွေသာ...

"ကျစ်...ပြောလိုက်ရင် အဲ့မျက်ရည်က ကျလာပြီ အမြဲပျော့ညံ့နေတာပဲ"
ဆော့ဂျင် ထိုသို့ ပြစ်ပြစ်ခါခါ ပြောပြီး ကျောပေးကာသာ မျက်စိမှိတ်ထားလိုက်တော့သည်

စိတ်တွေ ရှုပ်လိုက်တာ

လောကကြီးကို စိတ်တွေလည်း ကုန်နေပြီ ဘာလို့ မတရားပြန်တာတုန်း

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Where stories live. Discover now