အပိုင်း ၂၀

1.4K 123 14
                                    

Uni
=====

ဂျီမင်နီးရဲ့အခန်းကို သူလှည့်ပတ်ကြည့်နေတုန်း အိပ်ယာဘေး မီးအိမ်ထားတဲ့ စားပွဲခုံအသေးလေးပေါ်တွင် မိသားစုဓာတ်ပုံလေးကို ကြည့်မိသည်။
ဂျီမင်နီးက ငါးနှစ်လောက်ပဲ ရှိအုံးမည်ထင်။
လက်တွင်လည်း lollipop လေးက စုပ်ထားသေးသည်။ငယ်ငယ်တည်းက ပါးဖောင်းဖောင်းလေးတွေက ခုထိရှိတုန်း။

ထိုပုံရဲ့ ဘေးတွင်တော့ ဆယ်ကျော်သက်ဂျီမင်နီးနဲ့ အသားဖြူဖြူ အရွယ်တူကောင်လေးတစ်ယောက် တစ်ယောက်ပုခုံးတစ်ယောက်ဖက်ကာ ရိုက်ထားသောပုံ။တော်တော်ခင်ကြပုံပဲ။

ဂျီမင်နီးကတော့ ရေချိုးနေသည်။ကျွန်တော့်ကို အရင်ချိုးခိုင်းတာကြောင့် ကျွန်တော်ကတော့ အကုန်ပြီးစီးပြီး ဂျီမင်နီး ထုတ်ပေးထားတဲ့ ညအိပ်ဝတ်စုံကို ဝတ်ထားလိုက်သည်။ဒါက ဂျီမင်နီးရဲ့ ဝတ်စုံတော့ မဖြစ်နိုင် သူနဲ့အနေတော် ဖြစ်နေသည်လေ။

ထိုဘောင်ခတ်ထားတဲ့ ဓာတ်ပုံလေးကို ကြည့်ပြီး အိပ်ယာပေါ်ထိုင်နေလိုက်သည်။

"အငယ်လေး....ပျင်းနေပြီလား"
ရေချိုးပြီးစီး၍ ထွက်လာသူသည် ကြည်လင်နေသည်။ဆပ်ပြာနံ ့မွှေးမွှေးကလည်း နှာခေါင်းကို လာကျီစယ်နေသည်။

"ဂျီမင်နီး....ကျွန်တော့်နားလာထိုင် ရင်ခွင်ထဲ ဝင်နေလဲရတယ်နော်...."
ရယ်လိုက်ပြီး ခေါ်တဲ့သူဆီသာ တန်းတန်းမတ်မတ်သွားထိုင်လိုက်သည်။
ဘေးကိုတော့မဟုတ် ရင်ခွင်ကျယ်ကြီးထဲကို။သူ့ရဲ့ရင်ခွင်ထဲဝင်လိုက်တိုင်း မြုပ်မြုပ်သွားသည့် ကိုယ့်ကိုကိုသဘောကျလှသည်။ထိုရင်ခွင်ကျယ်ကြီးကိုလည်း သဘောကျသည် ပိုင်ရှင်ကိုရောပေါ့။

ဂျောင်ကု သူ့ရင်ခွင်ထဲက ညအိပ်ဝမ်းဆက်အပြာလေးဝတ်ထားသည့် ဂျီမင်နီးကို ပွေ့ကာ ဘေးမှာခနထိုင်ခိုင်းလိုက်ပြီး နေရာတကျဖြစ်စေရန် ကုတင်ခေါင်းရင်းကိုသူမှီလိုက်သည်။

ကြင်နာသူကိုတော့ ခေါင်းအုံးလေးခံပြီး ချပေးကာ ပုခုံးလေးမှ ထိန်းကိုင်လိုက်ပြီး ခေါင်းလေးကို ရင်ခွင်ထဲပြန်ထည့်ထားလိုက်သည်။မညီမညာဖြစ်နေတဲ့ ရင်ခုန်သံတွေကိုတော့ သူကြားနေလောက်ရောပေါ့။

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Tahanan ng mga kuwento. Tumuklas ngayon