အပိုင်း ၂၅ Final

2.7K 161 26
                                    

"ဟယ်လို...."

"ယွန်းဂီ ငါ ဂျီမင်လေ....ငါ ထွက်လာပြီနော်...အသင့်ပြင်ထား။"

"အင်းးဟင်းး"
မနက်စောစောစီးစီး ဖုန်းဆက်ပြီး ဘာတွေ ပြင်ခိုင်းနေတာမှန်းမသိ နမ်ဂျွန်း ခေါင်းရှုပ်သွားသည်။

"ဘာလည်း ဂျီမင်ရဲ့ ဘယ်သွားမလို့လဲ။"

"အကိုလား ဘာလို့ ယွန်းဂီဖုန်းကို အကိုက ကိုင်ရတာတုန်း"
ဟိုက်....သေပြီ။ညက အိပ်တာနောက်ကျတာကြောင့် အိပ်ချင်မူးတူးနဲ့ မပွင့်တဲ့မျက်လုံးကပြူးထွက်လာသည်။ ကိုယ့်ဖုန်းထင်လို့ သွားကိုင်တာ....

ယွန်းဂီ....ယွန်းဂီ ဂျီမင့်ဖုန်း
ဖုန်းကို လက်တစ်ဖက်ကအုပ်ပြီး အိပ်နေတဲ့ သူကို လှုပ်နှိုးနေလိုက်သည်။သူက ဂျီမင်လေးရဲ အကိုလေ ခု သူ့သူငယ်ချင်းနဲ့သူ့အကို အတူတူနေတာသာ သိရင် သူ့ချစ်သူကို စိတ်ကွက်မှာ ဆိုးသည်။

အိပ်နေတဲ့ ယွန်းဂီကပဲ ထလာပြီး ဖုန်းကို ဆွဲယူလိုက်သည်။သူ့လူကြီးကလေ စီးပွားရေးပဲ သိတယ် ကိုယ့်ရည်းစားဖုန်းကိုင်တာပဲ ဘာတွေလန့်နေတယ်မသိ။

"ငါ ဂျွန်း ဆီမှာ လာအိပ်တာကွာ ဘာဖြစ်လို့လဲ။"

"အေးပါ ဘာမှမဖြစ်ဘူး ဂျောင်ကုတို့ဆီ သွားတော့မှာလေ မင်းတို့ပဲ လိုက်မယ်ဆို။"

"ဟုတ်သားပဲ....ငါမေ့သွားတယ် ညကဟိုဟာလုပ်ပြီး။"
ဒဲ့ကြီးကို ပြောနေတဲ့သူက အောက်ပုဂ္ဂိုလ်လို့ မထင်ရအောင်ကို ပြောရဲဆိုရဲ ရှိလှသည်။ဘေးက နမ်ဂျွန်းကတော့ ငုံ့ထားလိုက်တဲ့ ခေါင်းဆိုတာ စောင်ပုံထဲ ဝင်တော့မယ်။

"ဒါဆို လိုက်အုံးမှာလား ငါတွေ့ချင်နေပြီကွာ...။"

"လိုက်ခဲ့မယ် မင်းသွားနှင့် ငါ GPS ချိတ်ပြီး လိုက်လာခဲ့မယ်။"

"အင်းအင်း ဒါနဲ့ ညက တော်တော်မှ ကောင်းရဲ့လားလို့ အကို့ကို မေးပေးစမ်းပါ။"
စီးပွားရေးတွေ လုပ်ပြီး ရင့်ကျတ်နေသော်လည်း စပ်စုတာကတော့ မပျောက်ပျက်သေး။

"ဂျွန်း....ဂျီမင်က မေးစရာရှိလို့တဲ့"
ယွန်းဂီ ခပ်တည်တည်နဲ့ ဖုန်းထိုးပေးလိုက်သည်။မြင်ယောင်သေးတယ် မကြာခင် သူ့လူကြီး ခရမ်းချဉ်သီးအရောင် ပြောင်းတော့မှာကို။

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Donde viven las historias. Descúbrelo ahora