အပိုင်း၁၂

1.3K 150 19
                                    

Uni
=====

ဘုရားကျောင်းရှိရာ တောင်ခြေကို ရောက်တာကြောင့် ချယ်ရီပင်လေးတစ်ပင်အောက်မှာ စက်ဘီးကိုရပ်လိုက်သည်။နောက်ကပါလာသူပါ ကျွန်တော့်စက်ဘီးဘေးဝင်ရပ်လာသည်။

"အငယ်လေး ရောက်ပြီလား "

"အင်း..... တောင်ခြေကို ရောက်တာ ဘုရားကျောင်းက ဒီလှေကားအတိုင်းခြေကျင် တက်ရမှာ"

"အော်......"
ဂျီမင်...ကြည့်လိုက်တော့ တောင်ပေါ်က ဘုရားကျောင်းကို မှုန်မှုန်လေးသာ လှမ်းမြင်ရသည်။
လှေကားတွေကတော့ စီတန်းနေ၏။

အငယ်လေးက ချယ်ရီပင်အောက်က ခုံတန်းလေးမှာ သွားထိုင်တာကြောင့် ကျွန်တော်လည်း လိုက်ထိုင်မိသည်
စိတ်နဲ့ခန္ဓာသည် ဂျောင်ကုနောက်သို့ လိုက်နေတတ်သည်။

ဘေးတွင်ဝင်ထိုင်လိုက်တော့လည်း အေးအေးရယ် ရှိတယ်တောင် ထင်ပုံမပေါ်။

"အငယ်လေး....အကိုတို့က ဘယ်မှာကျန်ခဲ့တာ"

"အမြဲတမ်း အဲ့လိုပဲ သူတို့က"

"ဟုတ်လား...."

"အွန်း....."
ဒါပါပဲ ပြီးတော့လည်း ပြန်တိတ်ဆိတ်သွားတာပဲ

ပြီးခဲ့တာ ကြာပြီဖြစ်တဲ့ ကစ္စအပေါ် စိတ်ထဲမတင်မကျကြီးက ဖြစ်နေသည်။

ဂျောင်ကုက သူ့ကို သဘောကျတာလား မကျတာလား နေမကောင်းဖြစ်နေတုန်းကတော့ လိမ်မာနေပြီး နမ်းတောင်နမ်းကြသေးတယ်ဟာ ခုကျ မျက်နှာတည်ကြီးနဲ့။

ဂျီမင် မေးမှ ဖြစ်တော့မည်

"ဟိုလေ....အငယ်လေး...ဟိုနေ့က.....နမ်း.....နမ်း..."
ဲသတ္တိတော့ မွေးလိုက်တာပဲ ပါးစပ်က ထွက်မလာတာတော့ သူလည်း မတတ်နိုင်။

ဟိုတစ်ယောက်ကလည်း သိနေလိုက်သားနဲ့ တစ်ခုခုပြောလိုက်ပါတော့လား ဘာလို့မသိသလိုကြီး နေနေတာလဲ။

အခုက သူကပဲ ထိုကိစ္စကို အကြီးအကျယ်ကြီး တွေးနေသလို။

"ဘာလဲပြောလေ....."
အော်...စကားတော့ ထောက်လာသေးသည် ပြီးတော့ အကြီးကို မရိုမသေနဲ့ဟွန့်

စိတ်ထဲကသာ ရန်တွေ့နေတာ အပြင်မှာလှုပ်တောင်မလှုပ်ရဲ ဟိုကရုပ်တည်ကြီးနဲ့ ထလုပ်မှာဖြင့် ဂျီမင်တို့ကြောက်ရချည်ရဲ့

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Onde histórias criam vida. Descubra agora