အပိုင်း ၂၃ (part 1)

1.1K 113 31
                                    

Uni
=====
သုံးရက်ရှိပြီ အိပ်ပြန်ရောက်နေတာ ဒီနေ့နဲ့ဆိုရင်။သူနဲ့ဂျီမင်နီး ညတိုင်း vcallပြောဖြစ်ပြီး အရင်နေ့က ပြဿနာသည်လည်း ပြေလည်သွားခဲ့သည်။အဆုံးသတ်နိုင်ခဲ့တာမဟုတ်ပေမယ့်လည်း ထိုပြသနာကို အစမဖော်တာဖြစ်သည်။

ဂျီမင်နီးက အလုပ်ခွင်ကို စတင်လေ့လာနေပြီ။ကျွန်တော်ကတော့ နောက်ဆုံးနှစ်အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်သည်။အားရင် ခြံထဲဆင်းသည်။ထွေထွေထူးထူးတွေ သိပ်မရှိ နောက်တစ်ပတ်တည်းတွင် ကျောင်းတွေ ပြန်ဖွင့်တော့မှာလည်းဖြစ်သည်။

ထယ်ထယ်က ဒီနေ့ သူ့အမေဆီကို ခဏလိုက်သွားတယ်။ကျောင်းဖွင့်ရင် ဒီအိမ်မှာပဲ နေပြီး တက်မည်တဲ့လေ။သူ့အမေကလည်း ပြောမရတာကြောင့် လွှတ်ထားလိုက်ရပုံ။

အစ်မဂျီအွန်းရဲ့ လက်ထပ်ပွဲသည်လည်း မနေ့ကပဲ ပြီးစီးသွားပြီး သူတို့သုံးယောက်ပွဲတက်ဖြစ်​ြကသည်။အားလုံးဟာ ချောချောမွေ့မွေ့ပါပဲ။ခက်နေတာက ကျွန်တော် ခုထိကို ဂျီမင်နီးလိုချင်နေတဲ့ စကားကို နှုတ်ကထွက်လို့မရသေး။

Take my hands now you are the cause of my euphoria

ဒီသံလေးက တစ်ယောက်မျက်နှာ တစ်ယောက်မမြင်ခင် အရင်ကြားရတဲ့ သူတစ်ဉီးတည်းပိုင် အမှတ်သားသံစဉ်တစ်ခု။

ဖုန်း မျက်နှာပြင်တွင် ပေါ်လာသည့် မျက်နှာလေးက နုံးနုံးချိချိရယ် ဒါတောင် ကြိုးစားပြီး ပြုံးပြ နေသေးသည်။

"အငယ်လေး....ဘာတွေလုပ်နေလဲ"

"ကျွန်တော်က အလုပ်မရှိပါဘူး ဟိုစဉ်းစားဒီစဉ်းစားပေါ့"

"ဟားးကောင်းလိုက်တာ အကိုကတော့ အလုပ်တွေ ပိနေပြီကွာ....".

"နားနားနေနေလုပ်ပါ ဂျီမင်နီး ပိန်သွားတယ် သိရဲ့လား"

"အကို သိပါတယ် ဒါပေမယ့် ခုထဲကပင်ပန်းခံထားမှ ရမှာလေ။"

"ဟုတ်တာတော့ ဟုတ်ပေမယ့် စိုးရိမ်လို့ပါ။"
လိုလိုချင်ချင်ပြုံးမိတာတော့ အမှန်။ချစ်ရသူက သူ့ဆို အမြဲဂရုစိုက်နေသည်ကို ကျေနပ်နေမိသည်။

"သိတာပေါ့ အကို့ရဲ့အငယ်လေးက ဘယ်လောက်စိုးရိမ်တတ်လဲဆိုတာ အဲ့တာကြောင့် အကိုက ချစ်နေရတာပေါ့။"

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Donde viven las historias. Descúbrelo ahora