💚 2 ❤

8.5K 520 8
                                    


ထွက်စပြုနေတဲ့ နေရောင်ခြည်နွေးနွေးနဲ့
ကျေးငှက်သာရကာအပေါင်းရဲ့
တွန်ကျူးသံတွေက မနက်ခင်းဆိုတာကို အစပြုတယ်...

တခမ်းတနားကြီးမဟုတ်ပေမဲ့
အပြင်ပန်းကကြည့်ရင် နေချင်စဖွယ်
နှစ်ထပ်တိုက်ကလေးတစ်လုံး ..

အိမ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့
အခန်းလေးတစ်ခန်းထဲက King Size
ကုတင်ထက် နှူးညံ့အိစက်နေတဲ့
ဖဲမွှေ့ယာကြီးပေါ်မှာတော့ မျက်လုံးနဲ့ လက်တွေ ခြေထောက်တွေကို စည်းနှောင်ခံထားရပီး သတိလစ် မေ့မြောနေသော
သနားစရာ ကောင်လေးတစ်ယောက်...
နှုတ်ခမ်းသားတွေထက်မှာလည်း
x သဏ္ဌာန် black တိပ်ကလေးက ကန့်လန့်..

"ဘယ်မှာလည်း ?...သူ?"

"သခင်လေးရဲ့ အခန်းထဲမှာပဲ ထည့်ထားပေးပါတယ် သခင်လေး"

bodyguard ရဲ့အဖြေကို သဘောကျဟန်နဲ့ နှုတ်ခမ်းတွန့်ရုံတစ်ချက်ပြုံးကာ..

"ဒဏ်ရာရခဲ့သေးလား? "

" မရပါဘူးသခင်လေး တော်တော်တော့ ဖမ်းလိုက်ရတယ် အရမ်းအပြေးသန်လို့ မေ့ဆေးကြောင့် သတိမရသေးပါဘူး"

"တော်တယ်...အစောင့်တွေ သေချာချထားကြားလား"

"အမိန့်အတိုင်းပါသခင်လေး"

ပြောပီး အပေါ်ထပ်က သူ့အခန်းထဲဝင်လာတော့
ဘယ်အချိန်က သတိရနေမှန်းမသိတဲ့
ကုတင်ပေါ်ကကောင်လေးက ချည်ထားတဲ့ကြိုးတွေကိုရုန်းကန်နေပီး တစ်ရှပ်ရှပ်နဲ့ ဝင်လာတဲ့ သူ့ခြေသံတွေကို ခနမျှ ငြိမ်သက်ကာ နားစွင့်နေလေရဲ့..

အနားသွားကာ စည်းထားတဲ့ မျက်လုံးက အဝတ်စလေးကို ဖြုတ်ပေးလိုက်တော့ အံ့ဩပီး မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လာတယ်..

" အဟက်.. သတိရနေပီလား "

".......🤐....."

"ဪ...sorry...."

ပြောရင်း ကပ်ထားတဲ့ ပါးစပ်က တိပ်ကလေး ဇတ်ခနဲဆွဲခွာလိုက်တယ်ဆိုရင်ပဲ...

"မင်းဘယ်သူလည်း.?.ဘာလို့ငါ့ကို ဒီလိုလုပ်ရတာလည်း? ဘာလို့ဖမ်းထားတာလည်း? ?ငါ့မှာဘာအပစ်ရှိလို့လည်း?"

" ကျစ်!!များလိုက်တဲ့ မေးခွန်းတွေ"

မျက်လုံးမှိတ်ပီး စုပ်သပ်မိတော့ ကြားလိုက်ရတဲ့ ရှိုက်သံလေးတစ်ခုကြောင့် ပြန်မော့ကြည့်မိတယ်

❤( M I N E )❤Complete Où les histoires vivent. Découvrez maintenant