##Zawgyi
.
.
.
.
ကြားပန်းဖြူလို အသွင်ဆောင်လို့
လှပတဲ့အပြုံးလေးနဲ့ ကားနီလေးထဲ
ဖာသိဖာသာ ဝင်ထိုင်လာတဲ့ သူမက
ကြောက်စိတ်လွှမ်းနေတဲ့ မျက်ဝန်းတွေကိုတော့
ဖုံးကွယ်ထားလို့မရခဲ့ဘူး။ဘယ်လိုမှမေးလို့မရတဲ့အဆုံး မိသားစုနဲ့
ကိုင်ပေါက်ခဲ့တဲ့အကျိုးကြောင့် Mine ကို
ဒုက္ခပေးချင်လို့နောက်ကလိုက်နေခဲ့မှန်း
ရိပေါ်သိခဲ့ရတယ်။ခလေးသာသာအကွက်တွေနဲ့
၁၀၉_၁၁၀ တွေကို ငွေပေးခိုင်းခဲ့တဲ့ သူဟာ
ရင်ဟွားသခင်မလေးဆိုတာ
သိလိုက်ရချိန် သူ့နှုတ်ခမ်းတွေ
အလိုလိုပြုံးမိသွားတယ်..သေချာပေါက် ကြက်သီးထစရာ အပြုံးကြီးပေါ့...
သတ်ချင်လွန်းလို့ယားယံနေတဲ့လက်တွေက
ကားစတီယာ တိုင်ကို ခပ်တင်းတင်း ဆုပ်ကိုင်လို့
သူမကိုစောင်းငဲ့ကြည့်ရင်း..."ကိုယ်နဲ့အပျော်လေးတွေမဖန်တီးချင်ဘူးလား
ဟွားအယ်.."အေးဆက်တဲ့ လေသံခပ်ဩဩကြောင့်
ရင်ဟွားတစ်ကိုယ်လုံးတုန်တက်သွားတယ်..လက်နှစ်ဖက်ကိုအကြောင်းမဲ့ပွတ်သတ်လို့
ပျက်ချင်နေတဲ့သူမမျက်နှာကို အမြန်ပင်ထိန်းကာ
ရှက်ပြုံးတစ်ပွင့်
ဖန်ဆင်းလျှက်.."အဟင်း..ပေါ်ကောက
ဘယ်လိုဟာမျိုးကိုပြောတာလဲ "နှုတ်ခမ်းပါးပေါ်ကထွက်ကျလာတဲ့
စကားသံတို့ဟာ တုန်ရီလျှက်...
ရိပေါ်ရဲ့ အပြုံးတို့ဟာ ပိုပီပြင်လာခဲ့တယ်။"အိပ်ယာပေါ်က ကစားနည်းဆိုရင်ရော"
အရှေ့ကိုသာကြည့်ကာ ဂရုတစိုက်
ကားမောင်းနေတဲ့ရိပေါ်ဟာ သူ့မျက်စံနက်လေးရဲ့
ထောင့်စွန်းက အရောင်တောက်ကာ ဘလင်းဘလင်း
ဖြစ်နေတဲ့ သူမမျက်နှာကို အတိုင်းသားမြင်နေရတာမို့ နှာခေါင်းရှုံ့မိသွားတယ်..(အိနြေ္နရရတောင် အရှက်မပိုပြနိုင်တဲ့သူမက
တစ်ကယ်ကို အပျက်မသာသာပါလား)🌼🌼🌼🌼🌼
နှုတ်ခမ်းဆူကာ ကျောပေးထားတဲ့
အားရှင်းကြောင့်
ရှောင်ကျန့်တစ်ယောက် နည်းပေါင်းစုံနဲ့
ချော့မြူနေရတယ်
YOU ARE READING
❤( M I N E )❤Complete
Short Story..အမှောင်ရိပ်လေးထဲ တစ်ကိုယ်လုံးပစ်လို့ တိုးဝင်လိုက်တော့မယ်... ..ကောင်းတဲ့လမ်းက ငါချစ်တဲ့သူတွေအတွက် လုံခြုံမှု မပေးနိုင်လို့... ...... Xiao Zhan ..အမှောင်ရိပ်လေးထဲ တစ်ကိုယ်လုံးပစ်လို့ တိုးဝင်လိုက်တော့မယ်... ..ကောင်းတဲ့လမ်းက ငါချစ်တဲ့သူတွေအတွက် ...