💚18❤

3.5K 291 7
                                    


##Zawgyi
..................

လှပတဲ့လက်သည်းရှည်တွေနဲ့
စားပွဲပေါ်တစ်ဒေါက်ဒေါက်ခေါက်သံက
တိတ်ဆိတ်တဲ့ အခန်းငယ်ထဲ မင်းမူနေတယ်။

အလိုမကျတဲ့မျက်ခုံးသွယ်သွယ်တွေက
အလည်မှာစုကျုံ့လို့ တစ်စုံတစ်ခုကို
အသည်းအသန်စဉ်းစားနေဟန်။

ခြေချိတ်ထိုင်ထားတဲ့သူမက ဝုန်းခနဲ
ထရပ်လို့ အပစ်မရှိတဲ့ စားပွဲတင်အလှပန်းအိုးကို
နံရံနဲ့ မိတ်ဆက်ပေးတယ်။

ထို့နောက်ခပ်စူးစူး ထွက်ပေါ်လာတဲ့သူမစကားသံ

"အားးးးးပေါ်ကောရာ ရင်ဟွားမှာတော့
ချစ်လွန်းလို့အမိမြေကိုပြန်လာပြီး
လက်ထပ်ယူဖို့အားခဲထားတာ။
ပြန်ရလိုက်တာက ရက်စက်တဲ့စကားလုံး
ကြမ်းကြမ်းတွေပါဘဲလား။"

ဖုန်းထဲက မက်ဆေ့ခ်ျ ကို စိုက်ကြည့်လို့
ဖြစ်တည်လာတဲ့မဲ့ပြုံးတစ်ပွင့်ကတော့
လှပပေမဲ့ အရိုင်းဆန်စွာ..

"ချစ်သူရှိတယ်တဲ့လား အဟက်,
ပြီးတော့ ယောင်္ကျားလေးကြီးးး,
ရင်ဟွားကို လက်မထပ်နိုင်တာသူ့ကြောင့်ဆိုရင်
သူ့ကိုအရင်ပျောက်ကွယ်အောင်လုပ်ရမှာပေါ့"

ထို့နောက် ပို့လာတဲ့ သူဋ္ဌေးဝမ်ရဲ့ သတိပေး
မက်ဆေ့ခ်ျကို ၂စက္ကန့်မျှ စိုက်ကြည့်လို့
စာစောင်ထဲမှ ဖယ်ရှားကာ
လိုသုံး ဖုန်းနံပါတ်လေးတစ်ခုကို
ခေါ်ဆိုလိုက်တယ်။

"ဝေ, ဝမ်ရိပေါ်နဲ့အတူနေတဲ့ ကောင်လေးကို
မျက်ခြေမပျက်စောင့်ကြည့်ထားပါ။
သူအပြင်ထွက်တာနဲ့ တစ်စစီလုပ်ပစ်လိုက်။
သေဖို့အရေးကြီးတယ်။ ဝမ်ရိပေါ် မရိပ်မိစေနဲ့နော်။
မေးခွန်းလည်းမထုတ်နဲ့။ ငါမင်းတို့ရဲ့သခင်မလေး
ငါခိုင်းတဲ့အတိုင်းဘဲလုပ် ကြားလား"

ခပ်ဆပ်ဆပ် အမိန့်ပေးသံကြားမှာ
တစ်ဖက်လူက ဟုတ်ချင်းထပ်လို့ ပုတ်သင်ညိုလို
ခေါင်းသွင်သွင်ငြိမ့်ကာ နာခံတယ်။
သခင်မလေးမမြင်နိုင်ပေမဲ့လို့ပေါ့။

/အချစ်ဆိုတာ တစ်ခြားလူတွေအတွက်တော့
ဘယ်လိုသတ်မှတ်လည်းးးသူမမသိ
သူမ သိတာတစ်ခုတည်းးး
လိုချင်ရင် နှစ်သက်ရင်
ရအောင်ယူတတ်ရမယ်/
🌼🌼🌼🌼🌼

❤( M I N E )❤Complete Where stories live. Discover now