Extra

4.2K 262 12
                                    


မာကာအိုကို အပြီးအပိုင်ထွက်မသွားခင်
ရှောင်းကျန့်က ဒီနေ့တစ်နေကုန်လျှောက်လည်
ချင်တယ်ဆို၍ ဝမ်သားအဖ၃ယောက် ပေကျင်းအနှံ့
ခြေဆန့်နေတာ ညနေ၃နာရီကတည်းကနေ
အခုဆို ၇နာရီခွဲနေပီ။

ပေကျင်းမြို့ထဲက ဘုရားကျောင်းကိုသွားပီး
မီးပူဇော်လို့ လှူဖွယ်ပစ္စည်းတစ်ချို့လှူဒါန်းကာ
ပိုကီလေးကို ကစားကွင်းပို့ပေးရင်း သူတို့နှစ်ယောက်
လည်း ဝင်ဆော့ရင်းပေါ့။ အသက်ကြီးမှ သူငယ်ပြန်ရတာ
သိပ်အဆင်မပြေပေမဲ့ သူတို့ကတော့ ဘယ်သူ့မှ
ဂရုမစိုက်နေဘူး။

ပတ်ဝန်းကျင်မျက်နှာလိုက်ကြည့်နေလို့ ကိုယ့်အတွက်
ပျော်ရွှင်မှုရလာတာမဟုတ်ဘူး၊

"အားးးပင်ပန်းသွားပီ...ဗိုက်ဆာလိုက်တာ ပါး၊ daddy"

သားအဖနှစ်ယောက် တိုက်ကား ဝင်စီးပီး ပြန်အထွက်
ပိုကီလေးမှ ငြီးလိုက်ခြင်း။ ရိပေါ် သားသားလေးရှေ့
ဒူးတစ်ဖက်ထောက်လို့ ထိုင်ချကာ ချွေးစက်ကလေးတွေ
တွဲခိုနေတဲ့ နှဖူးပေါ်က သားသားလေးရဲ့ ဆံနွယ်ပျော့ပျော့
လေးတွေကို သပ်တင်ပေးရင်း အပြုံးလေးတစ်ပွင့်နဲ့
နှဖူးလေးထက် အနမ်းတစ်ပွင့် ခြွေလိုက်တယ်။

"ကဲ..daddyသားလေး ဆော့လို့ဝပီလားဗျ၊
ဘာစားချင်လည်း daddyကိုပြောပါဗျ"

"ဟော့ပေါ့ ဟော့ပေါ့ Daddy"

"ပါပါးသားလေးက ပါပါးနဲ့ အကြိုက်တူလိုက်တာ
ပါပါးလည်း ဟော့ပေါ့စားချင်နေတာ ချုံချင်းဟော့ပေါ့
သွားစားရအောင်..မောင်.."

ရေသန့်သွားဝယ်တဲ့ ရှောင်းကျန့်က သားသားလေး
လက်ထဲ ရေဗူးအဖုံးဖွင့်ကာ ပိုက်လေးတပ်လို့ ကမ်း
ပေးရင်းပြောတော့ ရိပေါ်က ခေါင်းညိတ်လို့ထလာတယ်။

ဟူဒီအဖြူ ဂျင်းပန်းအနက်ကလေးနဲ့ရှောင်းကျန့်က
အရင်ကလိုပဲ ဖြူဖြူစင်စင် ​ကောင်ငယ်လေးလို၊
ချစ်စရာ အပြုံးလေးနဲ့၊ ဝမ်ရိပေါ် အနားရောက်လာတဲ့
ရှောင်ကျန့် ခေါင်းလုံးလုံးလေးကို ဆွဲဖွလိုက်တော့
အနားက ဖြတ်သွားဖြတ်လာတစ်ချို့က သူတို့မိသားစုကို
ကြည့်ပီး တီးတိုးတီးတိုးနဲ့၊ ..အခုခေတ်ကြီးမှာ ဒီအခြေ
အနေကိုကြည့်တာနဲ့ ဘာဆိုတာသဘောပေါက်သလို
မိန်းခလေးတစ်ချို့က အားကျတဲ့အကြည့်တွေနဲ့ကြည့်
လို့တစ်ချို့ဆို ဓာတ်ပုံတွေပါ ရိုက်နေကြသေး။

❤( M I N E )❤Complete Where stories live. Discover now