💚37❤

3.4K 274 20
                                    

#Zawgyi

ရင်ခွင်ထဲ ပတ်ကျိလေးလို ကပ်တွယ်ကာ
အိပ်ပျော်နေတဲ့ ကောင်လေးက လွန်ခဲ့တဲ့
၅နှစ်ကျော်က အတိုင်း ပကတိ အပစ်ကင်း
စင်လျှက်။ သူသိပ်ချစ်ခဲ့ရတဲ့ ယုန်သွားပြူးပြူး
ပါးဖောင်းဖောင်းနဲ့ အကြည်ဓာတ်ကလေးက
အခုတော့ ယောင်္ကျားပီသတဲ့ မေးရိုးသွယ်တွေနဲ့။..

ပါးဖောင်းလေးမရှိတော့ပေမဲ့ ပိုပြီး ခန့်ချောလေး
ဖြစ်လာတယ်။ ပါးစပ်ကလေးဟလို့အိပ်ပျော်နေတဲ့
ကောင်လေးကို အသည်းယားစွာ နှုတ်ခမ်းလေးထက် အနမ်းတစ်ပွင့်ခြွေလိုက်တယ်။ သူ့နှလုံးသား
ကြွေကျရာ ရပ်ဝန်းဖြစ်တဲ့ နှုတ်ခမ်းအောက်က
မှဲ့နက်လေးကိုလည်း တစ်ချက်လျှက်ရင်း
ပြွတ်ခနဲမည်အောင် စုပ်ယူလိုက်မိ၏။

ရူးခါနေအောင် ချစ်ရပါတယ် Mine ရယ်...

နှဖူးထက် မြတ်နိုးစွာ အနမ်းတစ်ပွင့် ထပ်ခြွေလို့
ခါးပေါ်ယှက်သွယ်ထားတဲ့သူလေးရဲ့လက်တွေကို အသာအယာဖြုတ်ချကာ ရိပေါ် သန့်စင်ခန်းထဲ
ဝင်ရင်း မနက်ခင်းကိစ္စများကို လုပ်ဆောင်ကာ
ထွက်လာလိုက်တယ်။ Mineကိုတော့ မနှိုးရက်
တော့တာမို့ အိပ်ပါစေဆိုကာ ထားခဲ့ရင်း သူကတော့
မှောင်မဲမဲဂိုထောင်ထဲ ဝင်လာလိုက်တယ်၊

ဝမ်ရိပေါ်တို့အခုရောက်နေတာ
(Black House)မှာ_

Black Houseဆိုတာ Dad ပိုင်တဲ့ နေရာတစ်ခု၊
အခုတော့ ဝမ်ရိပေါ်ပိုင်တာပေါ့၊ လယ် ၁၁ဧက
စာလောက် ကျယ်ဝန်းတဲ့ ခြံကြီးထဲမှာ လယ်နှစ်
ကွက်စာလောက်အကျယ်အဝန်းနဲ့ ဂိုထောင်ကြီး
တစ်လုံးတည်ရှိတယ်။ ထိုဂိုထောင်ကြီးရဲ့အနောက်
မှာမှ မက်မွန်ပင်အချို့စိုက်ထားပြီး လယ်တစ်ကွက်
စာခြားတဲ့အကွာအဝေးမှာ ၂ထပ်တိုက်ငယ်လေး
တစ်လုံးတည်ရှိတယ်၊

ဝမ်ရိပေါ်ထွက်လာတော့ အပြင်က
Bodyguarg တွေက ဦးညွှတ်အရိုအသေပြုကြ၏။

"အပေါ်မှာ မင်းတို့အစ်ကိုလေး အိပ်ပျော်နေသေး
တယ်။ သူနိုးလာလို့ ငါ့ကို ရှာရင် ခေါ်လာခဲ့လိုက်..
ကြားလား"

အေးစက်စက် ဩရှရှ လေသံက မနက်ခင်း
လေနုဖြူးဖြူးများနဲ့အပြိုင်ထွက်ပေါ်လာတော့..
ရေခဲတိုက်ထဲရောက်သွားသလို အေးစိမ့်သွားရ၏။

❤( M I N E )❤Complete Tempat cerita menjadi hidup. Temukan sekarang