💚27❤

3K 238 13
                                    

.
.#Zawgyi
.
.
.
ပေကျင်းမြို့လယ်၏ ခမ်းနားသည့်
Hotel တစ်ခုအတွင်းသို့ ဝင်ရောက်လာသည်နှင့်
စူညံသည့် တီးလုံးသံများကြောင့် ရှောင်ကျန့်
နားညီးသလို မျက်နှာလေး ရှုံ့လိုက်သည်။

FiveStar Hotel ၏ ၃လွှာ၌
ကျင်းပနေသော
စီးပွားရှင်များ၏ တွေ့ဆုံဆွေးနွေးပွဲ
ပါတီက တစ်ကယ်ပင် ခမ်းခမ်းနားနား....

အလွှာပေါင်းစုံမှ စီးပွားရှင်များ
တက်ရောက်ကြပီး ရှောင်ကျန့်နှင့်
သက်တူရွှယ်တူများလည်း ပါဝင်နေသည်ကို
တွေ့ကာ ရှောင်ကျန့် မျက်နှာလေး ညိုးသွားတယ်။

အားငယ်စိတ်တွေက တစ်ဟုန်ထိုး
ရင်ဘက်ထဲ ပြေးဝင်လာချိန် အေးဆက်သွားတဲ့
လက်ဖျားလေးတွေကြောင့်
ကိုယ်လေးကျုံ့လိုက်မိတယ်။

လက်ဖဝါးတစ်ဖက်ကို ဆုပ်ကိုင်ထားတဲ့
ဝမ်ရိပေါ်ဟာ ရှောင်ကျန့်ရဲ့အေးဆက်လာတဲ့
လက်ဖျားလေးတွေကြောင့် ရှောင်ကျန့်
ကြောက်နေတာကို သတိထားမိသွားတယ်။

ရှောင်ကျန့်ရဲ့နူးညံ့တဲ့လက်ဖဝါးနုနုလေးကို
ပိုတိုးလို့ ဖျစ်ညှစ်ဆုပ်ကိုင်ကာ အကြည့်ချင်း
ဆုံစေရင်း မကြောက်ဖို့ မျက်နှာအမူအယာလေးနဲ့ အားပေးတယ်။

ရှောင်ကျန့်မေ့သွားတယ်။ သူ့ဘေးမှာ
မောင်တစ်ယောက်လုံးပါနေတာကို။
သူ့အတွေ့းတွေကို သိသည့်အလားမောင်က
သူ့လက်ကို ဖျစ်ညှစ်ကာ စိတ်အားမငယ်ဖို့
အမူအယာနဲ့ ပြောလာတာမို့ တစ်ဝက်တော့
လျှော့ကျသွားတယ်။

သူတို့နှစ်ယောက်ဝင်သွားသည်နှင့်
အားလုံးရဲ့အကြည့်တွေဟာ
သူတို့နှစ်ယောက်ဆီကို စုပြုံကျလာတယ်။

တန်ဖိုးကြီးအဝတ်အစားတွေနှင့်
တန်ဖိုးကြီး လက်ဝတ်တန်ဆာတွေသာ
ဆင်မြန်းဝတ်ဆင်ထားကြတဲ့
အလွှာအသီးသီးက အထက်တန်းစား
စီးပွားရှင်တွေဟာ ဝမ်ရိပေါ်ဘေးက
ကောင်လေးကို စူးစမ်းသလို ကြည့်နေကြတယ်။

အနောက်တိုင်းဝတ်စုံလေးကို နက်ခ်တိုင်မပါဘဲ
ရိုးရိုးသာ ဝတ်ဆင်ထားတဲ့ ရှောင်ကျန့်ဟာ
ဖြူဥဥ အသားအရေလေးနဲ့ အလွန်ပင်
လိုက်ဖက်လွန်းတာမို့
၂၀ကျော် မိန်းမပျိုယောင်္ကျားပျိုတို့ရဲ့
စူးရှတဲ့ အကြည့်တွေကို ခံနေရတယ်။

❤( M I N E )❤Complete Where stories live. Discover now