💚5❤

6.7K 422 6
                                    

ဖြူလွှလွှ မြူခိုးတွေကြား မပီပြင် ဝိုးတဝါးမြင်နေရတဲ့ လူနှစ်ယောက်ရဲ့ ပုံရိပ်လေး။
ကျိန်းစက်နေတဲ့ မျက်ဝန်းတစ်စုံကို လက်ဖဝါးနဲ့အကြမ်းပတမ်းပွတ်ကာကြည့်မိတော့ ခုနကပုံရိပ်နှစ်ခုက
သူ့နားကိုတရွေ့ရွေ့လျှောက်လာနေတယ်

စူးစမ်းချင်တဲ့စိတ်အစုံကြောင့် အုံ့ဆိုင်းနေတဲ့ မြူခိုးတွေက တရစ်ရစ်ပျောက်ကွယ်ကာ လေဟာနယ်တခွင် ကြည်လင်စပြုလာတယ်
အနီးနားရောက်လာတဲ့ပုံရိပ်နှစ်ခုက သူ့ကိုအချိုသာဆုံးပြုံးပြလို့နေတယ်။

"အားကျန့်.."

"မား-ပါး! "

ဝမ်းသားလုံးဆို့ပီး အော်ကာပြေးဖက်မိတော့
ရင်ခွင်နှစ်ခုကြားအပြုံးတွေနဲ့ဆီးကြိုတယ်
အင်းးးနွေးထွေးမနေပေမဲ့ပေါ့

"ပါး-မားး::အဟင့်;;လွမ်းနေတာ"

ကျွန်တော့ငိုသံကြားတော့မားက ရင်ခွင်ထဲကထုတ်ပီး အားမပါတဲ့ လက်သီးဆုပ်လေးနဲ့
ကျွန်တော့နှဖူးကိုဖွဖွထုတယ်။ပါးကတော့ မားနဲ့ကျွန်တော့ကိုသာကြည့်ကာပြုံးတယ်။

"ကောင်စုတ်လေး ဘာလို့ငိုနေရတာလည်း"

"မား သားအရမ်းပင်ပန်းလိုက်တာ သားကိုမခေါ်သွားချင်ဘူးလားမားရယ် မားတို့နဲ့ဘဲအတူနေချင်တယ်။"

ကျွန်တော့စကားဆုံးတော့မားက သက်ပြင်းခပ်ဖွဖွချတယ်

"သားမှာ စောင့်ရှောက်ရမဲ့ အားရှင်းရှိသေးတယ်လေကလေးရဲ့ အားရှင်းလေးကို ပစ်ထားတော့မလို့လား "

"မားးးလက်သည်းခွံလောက်လေးသာမျှော်လင့်ချက်ရှိနေသေးတဲ့ ကံတရားကို
ဆုပ်ကိုင်ထားချင်ပေမဲ့ သားရဲ့ လက်တစ်စုံကို လူတစ်ယောက်က ချုပ်နှောင်ထားပြန်
တယ် ဘယ်လိုလုပ်ရတော့မှာလည်း"

ကျွန်တော့စကားကြားတော့မားက ပြုံးတယ်

"သားအတွက် မကောင်းတဲ့တွေ့ဆုံမှုပေမဲ့
အဲ့လက်သည်းခွံလောက်လေးရှိတဲ့မျှော်လင့်ချက်ကို သူက ဖြည့်စည်းပေးလောက်မှာပါ
အရမ်းကြီးမတွေးနဲ့ သားပင်ပန်းလိမ့်မယ်"

"အခုလည်း အသက်ထွက်ချင်လောက်အောင် ပင်ပန်းနေပါတယ်မားရယ်"

❤( M I N E )❤Complete Where stories live. Discover now