💚21❤

3.4K 267 12
                                    


##Zaw
.
.
.

အကုန်မြန်လွန်းတဲ့အချိန်တွေကြောင့်အခုဆို
တစ်ပတ်ပြည့်လို့ ရှင်းရှင်းရဲ့ ဆေးရုံဆင်းရက်ကို
ရောက်ရှိလို့လာခဲ့ပီ။

"ဝါးး..အိမ်ကြီးက နေချင်စရာလေး
ကောကော ဒါ ရှင်းရှင်းတို့ရဲ့အိမ်လား"

ပေါ်တီအောက်မှာ ကားရပ်တာနဲ့
ကားတံခါးဖွင့်လို့ ပြေးဆင်းကာ
အိမ်ပက်ပက်လည်ကို ရှုငေးလို့
သဘောကျနေလေရဲ့

သစ်ပင်ပန်းမာန်တွေနဲ့အမေဇုန်တောလို
ရင်နှလုံးအေးချမ်းစေတဲ့ အိမ်လေးကြောင့်
ရှင်းရှင်း လေပြေကို အဝရှုရိုက်ရင်း မေးလိုက်တယ်..

"ဒါပေါ့ ရှင်းရှင်းတို့ ကောကောတို့ရဲ့အိမ်ပေါ့
ကြိုက်လား ဒီမှာနေရမှာ"

ဂုတ်ဝဲ ဆံနွယ်လေးတွေကိုပွတ်သတ်လို့
ပြောလာတဲ့ ရိပေါ်ကောကောကြောင့်
ရှင်းရှင်း အပြုံးကြီးပြုံးရင်း

"ကြိုက်တာပေါ့.. သစ်ပင်ပန်းပင်တွေနဲ့
လှနေရော..
အယ်...ကောကောရော်"

"ဒီမှာပါဗျ.."

ကားထဲကပစ္စည်းများကို ကြီးယွမ်နဲ့အတူ
အိမ်ထဲရွှေ့ရင်း ပီးလို့ ပြန်ထွက်လာကာ
အနား လျှောက်လာတဲ့ရှောင်ကျန့်ကို
ရိပေါ်က ခါးသိမ်သေးသေးလေးကနေ
လက်တစ်ဖက်နဲ့သိမ်းကြုံးဖက်ပစ်လိုက်တော့..

"မားမား!!"

အမှတ်တမဲ့မို့ ကော့ထိုးကာ
နောက်ပြန်လန်သွားတဲ့ရှောင်ကျန့်ကို
ကျန်လက်တစ်ဖက်နဲ့ ခေါင်းနောက်ပိုးလေးကို
ထိန်းကိုင်ပေးရင်း မနမ်းဖြစ်တာကြာတဲ့
နှုတ်ခမ်းပါးအိအိလေးကို ဖိကပ်လို့ ရမ္မက်ကင်းစွာ
နမ်းရိုက်ပစ်လိုက်တယ်။

"ပြွတ်စ်..."

ရဲတက်သွားတဲ့ စတော်ဘယ်ရီရောင်
နားဖျားလေးနဲ့
ပန်းနုရောင် ပါးမို့မို့လေးက မျက်လုံးမှိတ်ကာ
အနမ်းတို့ကို ခံယူနေတဲ့ mineရဲ့အလှကို
ပိုမိုပေါ်လွင်စေသယောင်..

နှစ်ယောက်တစ်ကမ္ဘာတည်ကာ
အနမ်းယာဉ်ကြောမှာ
ချစ်ခြင်းဖွဲ့နေကြတဲ့ ကောကောနှစ်ယောက်ကြောင့်
အလိုက်သိတဲ့ ရှင်းရှင်းလေးကပဲ ......
ထွက်သွားပေးမယ်ထင်လား? sorry ဘဲ

❤( M I N E )❤Complete Donde viven las historias. Descúbrelo ahora