💚39❤

3.9K 231 9
                                    


"ကျဲကျဲ...ဒီမှာ...ကျဲကျဲ!!"

လက်နှစ်ဖက်လုံး လေပေါ်မြှောက်လို့ ခုန်ဆွဆွနဲ့
ဝမ်ရှင်းရှင်းက လက်လှမ်းပြရင်းခေါ်တယ်။
လက်ကေ့ရှ် အနက်ရောင်ကို ဘီးလှိမ့်ဆွဲရင်း
ဂိတ်တံခါးပေါက်က ထွက်လာတဲ့ သူမက
အရင်လိုပဲ All black skin နဲ့။

အနက်ရောင် Mask တပ်ထားပီး မီးခိုးရောင်ရှိတဲ့
ဆံနွယ်တွေကို ထိပ်မှာစုထုံးထားတဲ့ သူမက
အပြာရောင် ဒူးဖုံး ဂါဝန် ဝဲဝဲလေးနဲ့ ရှင်းရှင်းကို
မြင်တဲ့အခါ ထဲက လက်ကေ့ရှ်ကြီးကို ပစ်ချလို့
ရှင်းရှင်းနား အပြေးလေးသွားကာ တင်ပါးအောက်က
ပင့်ချီပီး ဝှေ့ယမ်းပစ်လိုက်တယ်။

"လွမ်းလိုက်ရတာကွာ.."

"ချပေးအုံး ကျဲရယ် လူတွေကြည့်နေပီ"

"ကြည့်ကြည့်ပေါ့ ကိုယ့်ကောင်မလေးကို
ကိုယ်ပွေ့တာ ဘယ်သူ့ ခွင့်တောင်းရမှာလည်း"

စိတ်ရှိလက်ရှိ ဝှေ့ယမ်းပစ်လို့အပီးမှာ နာယီက
ရှင်းအာကို အောက်ပြန်ချပေးလိုက်တယ်၊ ကျောပေါ်
ဝဲနေတဲ့ ပန်းတုံးရောင် ဆံနွယ်ခွေခွေလေးတွေကို
ပွတ်သပ်လို့ အကြည့်ချင်း ဆုံရင်း
စကားပြောဖြစ်ကြတယ်။

မတွေ့ရတဲ့ ၁နှစ်အတွင်း လှလာလိုက်တာများ
သူများလုသွားမှာတောင်ဆိုးရပါတယ်။

"အရမ်းတွေ အလှပြင်မနေနဲ့ ကိုယ့်ကောင်မလေး
သူများ လုသွားမှာဆိုးတယ်ကွာ"

ရှင်းအာရဲ့ ဘယ်ဘက်ပါးပြင်နုနုလေးကို
သူမလက်ဖဝါးတွေနဲ့ အုပ်ကိုင်လို့ဆိုတော့
ရှင်းအာက ပိုရန်ကောဆိုတဲ့ အကြည့်နဲ့
မျက်စောင်းထိုးတယ်။

"ကိုးရီးယားမှာ ရှင်းအာထက်လှပီးချစ်စရာကောင်းတဲ့
ကောင်မလေးတွေတော့ မငမ်းခဲ့ဘူးမို့လား"

"ရှင်းအာလောက် ချစ်ဖို့ကောင်းပီး ရင်ခုန်စေတဲ့သူ
ကိုယ်တစ်ယောက်မှ မတွေ့ခဲ့ဘူး"

ရင်ခွင်ထဲတိုးဝှေ့လာတဲ့ ခလေးမလေးက
ကျေနပ်ပီတိ မျက်နှာလေးနဲ့ ပြုံးလို့။
အချစ်မှာ ကျား၊မ ခခွဲခြားနေဖို့မလိုပါဘူး။
ကိုယ့်နှလုံးသားစေညွန်ရာအတိုင်းလိုက်ပီး
Love is Love ထပ်တူကျဖို့ပဲ..လိုတယ်။

❤( M I N E )❤Complete Where stories live. Discover now