....ဝေလီဝေလင်းရဲ့မနက်ခင်းအချိန်ဟာ
ထွက်သစ်စနေမင်းကြီးကြောင့်
ဝါဖန့်ဖန့်ရောင်ခြည်လေးနဲ့ လှပလို့နေတယ်.......ပြတင်းမှန်ကိုထိုးဖောက်ပြီး
ပိုင်ရှင်ကိုခွင့်မတောင်းဘဲ ဝင်ရောက်လာတဲ့
နေရောင်ခြည် ပြပြလေးက ကုတင်ပေါ်က
နတ်ဆိုးလေးကို လှောင်ရယ်နေတယ်........မျက်နှာနုနုထက် လာရောက်ခုန်ပေါက်
ကြည်စယ်နေတဲ့ နေရောင်ကြောင့်
မဖွင့်ချင်တဲ့မျက်လုံးတို့ကို ကာပြီး
ရိပေါ်ကျိန်ဆဲလိုက်တယ်.......အိပ်လည်းမရတော့တာမို့
ကုတင်ထက်ငုတ်တုတ်ထထိုင်ရင်း
မပွင့်တပွင့် မျက်လုံးလေးနဲ့ ဘေးကို
စမ်းကြည့်တော့ ပြန်ရတာက
အေးစက်စက် အထိအတွေ့တစ်ခုသာ....(အစောကြီးနိုးနေတာလား)
....ဘေးစားပွဲပေါ်က စားပွဲတင်နာရီလေးဆီ
အကြည့်ရောက်တော့
၀၈:၁၂ ဆိုတဲ့ စာလုံးလေးတွေက
သူ့ကိုလျှာထုတ်ပြတယ်......company. သွားရအုံးမှာမို့
ဖင်ကုတ်ခေါင်းကုတ်နဲ့သာ
ရေချိုးခန်းထဲဝင်လိုက်တော့
အဆင်သင့်စပ်ထားတဲ့ ချိုးရေနဲ့
ဘေစင်ပေါ်က ဆေးထည့်ထားတဲ့
သွားတိုက်တံလေးက all ready တဲ့......မေးကြည့်စရာမလိုလောက်ပါဘူး
mine ပဲနေမှာပေါ့ကိုယ့်ဝေရာဝစ္စ ကို
သူ့ကိုတာဝန်ပေးထားသည်မဟုတ်ပါလား...ရှောင်ကျန့် အောက်ထပ်မှာ မနက်စာ
ချက်ပြုတ်ပီး ရိပေါ်ကိုနိုးဖို့ အခန်းထဲဝင်လာတော့
ရှုပ်ပွနေတဲ့အိပ်ယာကား ပိုင်ရှင်ကင်းမဲ့နေသည်မို့
ရေချိုးခန်းဝင်သွားပီမှန်းသိလိုက်ရတယ်..ကောက်စရာရှိတာကောက်
သိမ်းစရာရှိတာသိမ်းပြီး
ရိပေါ်ဝတ်ဖို့ အဝတ်အစားပါတစ်ခါတည်း
ထုတ်ပေးထားလိုက်ပြီး ပြန်ထွက်လာလိုက်တယ်.ဒါသူ့အလုပ်ပဲလေ
(ပြောရမလား မပြောရဘူးလား)
လွန်ဆွဲနေတဲ့စိတ်နဲ့အတူ အခန်းရှေ့မှာ
ဖြတ်လျှောက်နေမိတယ်..(ပြောကြည့်လိုက်မယ်လေ ဘာဘဲဖစ်ဖြစ်ပေါ့)
...ရိပေါ်ခပ်မြန်မြန်သာ သန့်ရှင်းရေးလုပ်ပီး
ထွက်လာတော့ အဆင်သင့်ထုတ်ထားတဲ့
ဝတ်စုံလေးနဲ့ သန့်ပြန့်နေတဲ့ကုတင်လေးက
mine ဝင်လာသွားတယ်ဆိုတာ သက်သေပင်...
YOU ARE READING
❤( M I N E )❤Complete
Short Story..အမှောင်ရိပ်လေးထဲ တစ်ကိုယ်လုံးပစ်လို့ တိုးဝင်လိုက်တော့မယ်... ..ကောင်းတဲ့လမ်းက ငါချစ်တဲ့သူတွေအတွက် လုံခြုံမှု မပေးနိုင်လို့... ...... Xiao Zhan ..အမှောင်ရိပ်လေးထဲ တစ်ကိုယ်လုံးပစ်လို့ တိုးဝင်လိုက်တော့မယ်... ..ကောင်းတဲ့လမ်းက ငါချစ်တဲ့သူတွေအတွက် ...