❤35💚

3.5K 283 53
                                    


#Zawgyi
.
အချိန်အားဖြင့် မနက် ၀၅:၁၇..

တစ်ဆစ်ဆစ်ထိုးကိုက်နေတဲ့ခေါင်းကိုဖိလို့
ရှောင်ကျန့်တစ်ယောက် လူးလူးလွန့်လွန့်နဲ့
အိပ်ယာထက်မှနှိုးထလာတယ်၊ တစ်ကိုယ်လုံးက
ကိုင်ပေါက်ခံထားရသလို
နာကျင်လှတယ်၊ ကုတင်ဘေးက ညမီးအိမ်ရဲ့
ဝါဖန့်ဖန့်အလင်းရောင်တစ်ခုတည်းသာ
အခန်းအတွင်းဖြန့်ကျက်ထားတာမို့
အားလုံးတော့ သဲသဲကွဲကွဲမမြင်ရပေ

ကုတင်ပေါ်မှာငုတ်တုတ်ထိုင်ရင်း နာကျင်
လွန်းတဲ့အောက်ပိုင်းတစ်နေရာကို စမ်းမိချိန်
ညကအဖြစ်အပျက်တွေက ခေါင်းထဲအစီ
အရီဝင်ရောက်လာတော့တယ်။

ထူပူသွားတဲ့ခေါင်းတစ်ခုလုံးက
ချက်ချင်းဆိုသလိုဘေးဘီဝဲယာကို
ကြည့်လို့စူးစမ်းလိုက်မိတော့

ဒိန်!!

ရှောင်ကျန့်အုံးနှောက်ထဲ
သွေးဆောင့်တက်သွားသလို
ခံစားလိုက်ရတယ်၊

အေးအေးလူလူပင် သူ့ဘေးအိပ်ပျော်နေတဲ့
ဝမ်ရိပေါ်၊အပေါ်ပိုင်းဘလာနဲ့၊  ညအိပ်
မီးရောင်အဝါက သူ့မျက်နှာထက်ဖျာကျ
နေတဲ့အခါ ဝင်းမွတ်နေတဲ့မျက်နှာချောချောက
သဘောခွေ့ချင်စရာပေမဲ့လို့..

ရှောင်ကျန့်ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်ချိန်မှာတော့

"အားး!!!!"

"ဟင်..ဟင်..ဘာ..ဘာဖြစ်..အာ.."

ရှောင်ကျန့်ရဲ့အော်သံကြောင့်လန့်နှိုး
သွားတဲ့ရိပေါ်က စိုးရိမ်တကြီးမေးလာပေမဲ့
သူစကားတောင်မဆုံးခင်ပဲ
အကြည့်ခံလိုက်ရတဲ့ ရှောင်ကျန့်
မျက်ဝန်းစူးစူးကြီးကြောင့် ရောက်တဲ့နေရာမှာ
တန့်သွားရတယ်။

ရှောင်ကျန့်ပုံစံက ရှုးရှုးရှားရှားနဲ့ အခုပဲ
ချွန်ထက်တဲ့အရာတစ်ခုခုရှာပြီး ရှေ့ကလူကို အားရပါးရ ထိုးသတ်ချင်နေတဲ့ပုံ.. သို့ပေမဲ့..
သူ့အောက်ပိုင်းကို လုံခြုံစွာဖုံးဖိပီး နေရာက
တုတ်တုတ်မျှမလှုပ်..

ဝမ်ရိပေါ်ညက သန့်ရှင်းရေးလုပ်ပေးထားပေမဲ့
အဝတ်မှ မဝတ်ပေးထားဘဲကိုး...

သဘောပေါက်သွားတဲ့ဝမ်ရိပေါ်က
နားထင်ပေါ်လက်ထောက်ရင်း ရှောင်ကျန့်ဘက်
ဘေးတစောင်းလှည့်ကာ

❤( M I N E )❤Complete Donde viven las historias. Descúbrelo ahora