"အာ့;;ကျွတ်..ကျွတ်..ရိပေါ်..ငါ့လက်နာနေပီ..
မတော်သေးဘူးလား.. ငါမနိုင်တော့ဘူး""မနိုင်ရင်..ပစ်ချခဲ့..ပီးမှပြန်လာကောက်.."
နာလွန်းလို့ ထုံကျင်ပီး သွေးချေဥနေတဲ့ လက်ကြောင့်
ရှောင်ကျန့်ဆက်မဆွဲနိုင်တော့ဘဲ လက်ထဲက
အထုပ်ပေါင်းစုံကို ပစ်ချလိုက်တယ်။
ကိုယ့်လက်ကိုယ် ပြန်ငုံ့ကြည့်ကာ
မျက်ရည်ပင်ဝဲရတယ်။ကုန်တိုက်လာပီး
ဝယ်ပေးစရာရှိတယ်ဆိုကာ တွေ့သမျှအကုန်
ဝယ်ပီး ရှောင်ကျန့်လက်ထဲ ထိုးထည့်နေကာ
သူကတော့ အရှေ့က ကော့ပက်ကော့ပက်နဲ့
ဘောင်းဘီအိတ်ကပ်ထဲ လက်နိုက်လို့ စတိုင်မပျက်...ပါးစပ်ထဲက ပီကေကို ဝါးလို့
နောက်လှည့်ကြည့်တော့
ကြမ်းပြင်ပေါ် ပုံ့ပုံ့လေးထိုင်နေတဲ့ mine ။
လက်ထဲမရှိတဲ့အထုပ်တွေကတော့
သနားစရာကောင်းစွာ ပစ်စလက်ခက်
ပစ်ချခံထားရလျှက်...ဝါးလက်စပီကေကို အိပ်ကပ်ထဲက
အခွံထဲ ထွေးထည့်ကာ mineနားကို
လျှောက်သွားလိုက်တယ်"ဒီလောက်လေးတောင်နိုင်ဘူးလား...
လူသွားလူလာလမ်းမှာ မရှက်ဘူးလား mine..
အခုပြန်ထစမ်း..ပြန်ကောက် အထုပ်တွေ""ငါ့လက်ကိုလည်းကြည့်အုံး
ဆွဲနိုင်တဲ့ပုံရော ပေါ်နေလို့လား.."လက်ဖဝါးနှစ်ဖက်ကို ဖြန့်လို့
ရှေ့တိုးပြရင်းဆိုလာတဲ့ mine က
မျက်ဝန်းလေးတွေလည်း အရည်လဲ့လို့..
သူကြည့်လိုက်တော့လည်း ဟုတ်ပါသည်။
သွေးဥနေတဲ့လက်ဖဝါးလေးနှစ်ဖက်က
နီရဲလျှက် မမြင်ရက်စွာ။"သနားလို့ တစ်ဝက်သယ်ပေးမယ်.
.နောက်ကလိုက်ခဲ့ ကားထဲသွားထည့်ရအောင်"ကြမ်းပြင်ပေါ်ကအထုပ်ကြီးအထုပ်ငယ်တွေကို
သယ်ရင်း သနားစကားဆိုကာ ကော့ပက်ကော့ပက်နဲ့ထွက်သွားတဲ့ ရိပေါ်ရဲ့ကျောပြင်ကျယ်ကို
ကြည့်ကာ
ကြမ်းပြင်ကိုပြန်ကြည့်မိတယ်..သူသယ်ဖို့ကျန်ခဲ့တာက
နောက်ဆုံးဝယ်ထားတဲ့
အဖြူရောင် Hodi အနွေးထည်ထုပ်လေး
တစ်ထုပ်သာ...//////////
အစစ်အမှန်မဟုတ်တဲ့ ကြင်နာမှု
ဆိုရင်တောင်..
မင်းကိုချစ်တဲ့ စိတ်ကြောင့်
နာနာကျင်ကျင်နဲ့
သာယာပစ်အုံးမှာ
YOU ARE READING
❤( M I N E )❤Complete
Short Story..အမှောင်ရိပ်လေးထဲ တစ်ကိုယ်လုံးပစ်လို့ တိုးဝင်လိုက်တော့မယ်... ..ကောင်းတဲ့လမ်းက ငါချစ်တဲ့သူတွေအတွက် လုံခြုံမှု မပေးနိုင်လို့... ...... Xiao Zhan ..အမှောင်ရိပ်လေးထဲ တစ်ကိုယ်လုံးပစ်လို့ တိုးဝင်လိုက်တော့မယ်... ..ကောင်းတဲ့လမ်းက ငါချစ်တဲ့သူတွေအတွက် ...