.
.#Zawgyi
.
.🐰🐰🐰🐰🐰
.
တိတ်ဆိတ်တဲ့ သန့်စင်ခန်းတစ်ခုကို
ဘေစင်ပေါ်က ရေကျသံက လွမ်းခြုံထားတယ်။တစ်ရှုးကို ရေစွတ်လို့ တီရှပ်အဖြူ
ပေါ်မှာစွန်းနေတဲ့ ဝိုင်တွေကို တို့ထိလို့
သုတ်နေပေမဲ့ ရှောင်ကျန့် အင်္ကျီ
ရေစိုတာဘဲ အဖတ်တင်တယ်။"ကျစ်!..စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ"
ဘယ်လောက်သုတ်သုတ် မပြောင်
တာကြောင့် ယူလာတဲ့တစ်ရှုးတွေရော
လက်ထဲက ရေစိုတစ်ရှုးပါ လုံးထွေးပီး
ရှောင်ကျန့် သန့်စင်ခန်းထောင့်က ခြေဖွင့်
အမှိုက်ပုံးထဲ ခြေထောက်တစ်ဖက်ဖြင့်
နင်းဖွင့်လို့ ပစ်ထည့်လိုက်တယ်။.. !ဝီ!..ဝီ!..ဝီ!...
ရုတ်တရက် ကြားလိုက်ရတဲ့ မီးအချက်
ပေးသံကြောင့် ရှောင်ကျန့်ခေါင်းကြီးသွားတယ်။
ဘေစင်ကဖွင့်ထားတဲ့ရေကိုကမန်းကတန်း
ပိတ်ပစ်လို့ ချွတ်ထားတဲ့ ကုတ်အင်္ကျီအနက်ကို
ဆွဲယူပီး အပြင်ပြေးထွက်ဖို့ပြင်ပေမဲ့
သန့်စင်ခန်းတခါးက ဖွင့်မရ.."ဘာလဲ?..ဘာဖြစ်တာလဲ?..
ဟေး..အပြင်မှာလူရှိလား"ဒုန်း..ဒုန်း..
တံခါးကို တစ်ဒုန်းဒုန်းထုပီး အော်ခေါ်ပေမဲ့
လူသံနှင့်တူတာ တစ်သံတောင်မကြားရပေ။ထိုစဉ်တံခါးကို ဝုန်းခနဲ တွန်းဖွင့်ကာ ဝင်လာတဲ့
လူတစ်ယောက်ကြောင့် ရှောင်ကျန့်လန့်ကာ
နောက်ဆုတ်လိုက်မိတယ်။"ခင်..ခင်ဗျားးး"
"အင်းးကိုယ်ဘဲ"
ထိုလူက ဘောင်းဘီအိပ်ကပ်ထဲ
လက်နှစ်ဖက်လုံး ထည့်ကာ ရှောင်ကျန့်ဆီကို
တစ်လှမ်းချင်း တိုးလာတယ်။"ခင်..ခင်ဗျား...ဘာ..ဘာလုပ်မို့လဲ"
ကတုန်ကရင်နဲ့ မေးခွန်းထုတ်ရင်း
တစ်လှမ်းချင်း နောက်ဆုတ်သွားတဲ့
ရှောင်ကျန့် နောက်ကျောက သန့်စင်ခန်း
နံရံ၏ ကြွေပြားအထိအတွေ့ကြောင့် အေးခနဲပဲ..နံရံ၏ထောင့်တွင် ထိကပ်လုမတတ်ဖြစ်
နေတာကြောင့် ရှောင်ကျန့် ရုန်းကာ
ထွက်ပြေးဖို့ပြင်တယ်။
YOU ARE READING
❤( M I N E )❤Complete
Short Story..အမှောင်ရိပ်လေးထဲ တစ်ကိုယ်လုံးပစ်လို့ တိုးဝင်လိုက်တော့မယ်... ..ကောင်းတဲ့လမ်းက ငါချစ်တဲ့သူတွေအတွက် လုံခြုံမှု မပေးနိုင်လို့... ...... Xiao Zhan ..အမှောင်ရိပ်လေးထဲ တစ်ကိုယ်လုံးပစ်လို့ တိုးဝင်လိုက်တော့မယ်... ..ကောင်းတဲ့လမ်းက ငါချစ်တဲ့သူတွေအတွက် ...