💚32❤

2.6K 233 13
                                        


.#Zawgyi
.
.
.
"Mine"

မီတင်ပီးတာနဲ့ အလျိုလျိုထွက်သွား
ကြတဲ့လူတွေကြား
ရိပေါ် ရှောင်ကျန့်လက်လေးကို
လှမ်းဆွဲလိုက်တယ်

ပြန်ရလိုက်သည်ကား တွန့်ချိုးနေတဲ့
မျက်ဝန်းအစုံနဲ့ ခပ်စူးစူး အကြည့်တစ်ချက်သာ၊

"လွတ်ပါ ဥက္ကဋ္ဌဝမ်"

တည်ငြိမ်စွာပင်ပြောလာတဲ့စကားသံလေးက
ချိုသာပေမဲ့ အေးစက်မှုတွေနဲ့

နှစ်တွေကြာအောင်လွမ်းခဲ့ရတဲ့ မျက်နှာလေးကို
အနီးကပ်ပြန်မြင်ရတဲ့အခါ ရိပေါ်ရင်ခုန်သံတွေက
အတိုင်းအဆမဲ့စွာ ခုန်ပေါက်လို့

ဒီရင်ခုန်သံတွေက မင်းနဲ့မှ
အသက်ရှင်လာတာမျိုး...

"Mine...ကိုယ်လေ.. မင်းရဲ့ချစ်သူ..
mine ..ကိုယ့်ကို မမှတ်မိတော့ဘူးလား.."

တုန်တုန်ယင်ယင်ထွက်လာတဲ့သူ့စကားသံနဲ့
ဂယောက်ဂယက်ဖြစ်နေတဲ့ သူ့မျက်ဝန်းအစုံကို
တည့်တည့်ကြည့်လို့ ရှောင်ကျန့်က မျက်ခုံးတွန့်တယ်

"လူမှားနေပီထင်တယ်နော်
ကျွန်တော့နာမည် Sean Xiao ပါ"

ရှောင်ကျန့်ပြောပြီးတာနဲ့ ထိုလူ ဆုပ်ကိုင်ထားတဲ့
ရှောင်ကျန့်လက်တို့ကို ဆောင့်ရုန်းကာ
ဖယ်ပစ်လိုက်တယ်၊

"ကျွန်တော့အသားကို လက်လွတ်စပယ် မထိပါနဲ့မကြိုက်ဘူးး"

ပြောပြီးလှည့်ထွက်သွားတဲ့ ရှောင်ကျန့်က
တစ်ကယ်ကိုပင် ဝမ်ရိပေါ်ကို
မသိကျိုးကျွန်ုပြုသွားခဲ့တယ်။

ကျန်နေခဲ့သူဝမ်ရိပေါ်မှာတော့
ကြောင်တောင်တောင်နဲ့ပင် လွှတ်ချခံလိုက်ရတဲ့
လေထဲက သူ့လက်တစ်ဖက်ကို စိုက်ကြည့်လို့...

မင်းတစ်ကယ်ပဲ ကိုယ့်ကို မမှတ်မိဘူးလား
ဘာကြောင့်လည်း...

💮💮💮

"ကောကော..ကောကော..နေ နေပါအုံး"

အပေါက်ဝနားရောက်နေပီဖြစ်တဲ့ရှောင်ကျန့်ကို
Ceoဝမ်ရှင်းရှင်းက အနောက်ကနေ ပြေးလိုက်လို့
အော်ခေါ်ကာ လက်တစ်ဖက်ကိုလှမ်းဆွဲလိုက်တယ်၊

ဘယ်လိုတောင် ဒီဝမ်မောင်နှမတွေက
လက်ရဲဇက်ရဲ နိုင်လှတာလည်း၊

❤( M I N E )❤Complete Donde viven las historias. Descúbrelo ahora