မှိန်ပြပြ ရောင်စုံမီးရောင်အောက် ဆယ်ကျော်သက်ရောနှစ်ဆယ်
ကျော်သက်တွေပါ ဆွဲငင်အားကောင်းတဲ့
သံစဥ်တစ်ချို့ရဲ့အကူအညီနဲ့ မိုးမမြင်လေမမြင် ဝုန်းဒိုင်းကြဲ ကခုန်နေကြတယ်......ဝင်လာတာနဲ့ မဖိတ်ခေါ်ပါပဲ
တန်းတန်းမက်မက်ကြီး နှာခေါင်းထဲ
တိုးဝင်လာတာက ဘား ထဲက ပြင်းရှတဲ့
အရည်ခါးခါး အနံ့တွေ....အမှောင်ကျတဲ့ ထောင့်ဆုံးအဝိုင်းလေးမှာ
ဝင်ထိုင်ရင်း ရောက်မလာသေးတဲ့
မအေဘေးတစ်သိုက်ကို စိတ်မရှည်စွာ
ကျိန်ဆဲရင်း စောင့်နေလိုက်တယ်..ပျင်းပျင်းရှိလာတာမို့ မှိတ်တုတ်မှိတ်တုတ်
မီးရောင်ရဲ့အကူအညီနဲ့ ကခုန်နေတဲ့
လူများစွာတေဆီကို အကြည့်ပို့မိတော့ စွဲငင်အားကောင်းတဲ့ မျက်ဝန်းတစ်စုံက မီးရောင်မှေးမှေးအောက်မှာတောင် တောက်ပလို့နေတယ်.....အဖြူအနက် ဝတ်စုံလေးနဲ့ ကော့တေးခွက်တွေ
တင်ထားတဲ့ ဗန်းလေးကိုကိုင်ရင်း
တစ်ဝိုင်းခြင်း တစ်ဝိုင်းခြင်း အဲ့ဝတ်ကျေစွာ
ပို့ဆောင်ပေးတဲ့အပြင် ကော့တေးတစ်ခွက်
ချလိုက်တိုင်း ချိုအိတဲ့ သူ့အပြုံးတစ်ပွင့်ပါ
အဆစ်ထည့်ပေးလိုက်သေးတယ်။(ဘား ဝိတ်တာလေးလား)
သရေတမြားမြားနဲ့ ရမက်အပြည့်ပါတဲ့ မျက်ဝန်း တောက်တောက်တွေက ထိုကောင်လေးရဲ့ မျက်စိရှေ့မှာ....
လုပ်ပြုံးလေးပြုံးရင်း
အတင်းဆွဲဆန့်ထားရတယ်ထင်တဲ့စိတ်အစုံက
မနှစ်မြို့မှန်း မျက်နှာမှာ အထင်းသား....ဘာရယ်မဟုတ် ကြည့်နေမိရင်း
လိုချင်စိတ်တွေဖြစ်လာမိတယ်..အဲ့
ဘားဝိတ်တာလေးကို...လက်ဖြောက်တစ်ချက်တီးကာ ခေါ်လိုက်မိတော့
ဗန်းလေးပိုက်ကာ ရောက်လာသူက
ခုနက သူကြည့်နေတဲ့ မျက်ဝန်းတောက်တောက်လေး....အနီးနားရောက်လာမှ သေချာကြည့်မိတော့ သူများတစ်ကာဆိုရင် အမှောင်ထုနဲ့ မမြင်နိုင်ပေမဲ့ ရောက်လာကတည်းက စူးစူးစိုက်စိုက် ကြည့်နေမိတဲ့သူကတော့ ရှင်းရှင်းလင်းလင်းကြီးကို မြင်လိုက်ရပါတယ်...
YOU ARE READING
❤( M I N E )❤Complete
Short Story..အမှောင်ရိပ်လေးထဲ တစ်ကိုယ်လုံးပစ်လို့ တိုးဝင်လိုက်တော့မယ်... ..ကောင်းတဲ့လမ်းက ငါချစ်တဲ့သူတွေအတွက် လုံခြုံမှု မပေးနိုင်လို့... ...... Xiao Zhan ..အမှောင်ရိပ်လေးထဲ တစ်ကိုယ်လုံးပစ်လို့ တိုးဝင်လိုက်တော့မယ်... ..ကောင်းတဲ့လမ်းက ငါချစ်တဲ့သူတွေအတွက် ...