ဒုန်း! ခလွမ်း!ဘုန်း!ဗွမ်း!!
"အာ့!shit ! ချီးဘဲ!နာလိုက်တာ"
ရှောင်ကျန့်တစ်ယောက် သူပေးထားတဲ့ကတိအတိုင်းရိပေါ်ခိုင်းသမျှတစ်ခုမကျန် ငြင်းဆန်ခွင့်မရှိဘဲ လုပ်ပေးနေရသည်။
အခုလည်း တစ်နေ့လုံးမနားရသေးတာမို့ ဒေါပွပွနဲ့ အနားမှာရှိတဲ့ ပစ္စည်းများကို ဝမ်ရိပေါ်မျက်နှာမြင်ယောင်ကာ
ရန်ရှာနေရင်း ဘေးကဂေါ်ပြားလဲကျပီးခြေထိသွားခြင်းဖြစ်သည်။"စောက်အကောင်အစုပ်ပလုတ်စောက် ရုပ်ချောသလောက် စောက်ကျင့်တစ်စက်မှမကောင်းဘူး။ စိတ်တိုလိုက်တာအရမ်းဘဲ"
ခြံထဲသန့်ရှင်းရေးလုပ်နေရင်း ဒေါတခွီးခွီးနဲ့ ရှောင်ကျန့်တစ်ယောက် ဝမ်ရိပေါ်အား ပြစ်ပြစ်နှစ်နှစ် ဆဲဆိုနေလေရဲ့
" ခိုင်းတာအကုန်လုပ်ပေးမယ်လို့ပြောလိုက်တိုင်းအကုန်ခိုင်းရလား ဒေါင်းစား ခွေးစုတ်ခွေးနာရီးရဲ့ မနေ့က ဒင်းလုပ်ထားတာ လူက အားမရှိပါဘူးဆိုမှ!ခြေထောက်ဓားနဲ့အမွှန်းခံလိုက်ရင်လည်း အိပ်ယာထဲပြန်လှဲရအုံးမယ်!ဂါးး!!!ဘာမှရွှေးချယ်လို့မရတဲ့စောက်ဘဝကြီး! မုန်းလိုက်တာ! !!!"
ထိုစဉ်အနောက်မှခြေသံကြား၍ရှောင်ကျန့်လှည့်ကြည့်လိုက်တော့ နွားပွဲစားရဲ့အစ်ကို ဂျိုကာ အရှုံးပေးရလောက်အောင် ရှိသမျှသွားအကုန် ဖြီးကားပီး တစ်ရွှေ့ရွှေ့လျှောက်လာနေတဲ့ စစ်စစ်..
"အဟဲ အခြေအနေဘယ်လိုလည်း ကောကောအလှလေး"
ရှောင်ကျန့် စကားပြောချင်စိတ်မရှိ၍ စိတ်ပျက်တဲ့ပုံစံနဲ့သက်ပြင်းတစ်ချက်ချကာ နှုတ်လက်စမြက်တွေကိုသာ လက်စသတ်နေလိုက်တော့တယ်။
"ငါမင်းနဲ့ လေကုန်ခံပီးစကားမပြောနိုင်ဘူး သွားတော့"
"ကောကောအလှလေးက ကံကောင်းတယ်နော် အဲ့အခန်းထဲဝင်သွားတဲ့သူတွေဆို ပြန်ထွက်လာရင် တစ်ခုမဟုတ်တစ်ခုကတော့ ချို့ယွင်းရတယ် "
"ဖွီးးး!အဟွတ်! အဟွတ်!"
ရှောင်ကျန့်မှာမြတ်နှုတ်နေရင်း စစ်စစ်ရဲ့ကံကောင်းတယ်နော်ဆိုတဲ့စကားကြောင့် ရေမသောက်ပဲ သီးသွားရသည်။
YOU ARE READING
❤( M I N E )❤Complete
Short Story..အမှောင်ရိပ်လေးထဲ တစ်ကိုယ်လုံးပစ်လို့ တိုးဝင်လိုက်တော့မယ်... ..ကောင်းတဲ့လမ်းက ငါချစ်တဲ့သူတွေအတွက် လုံခြုံမှု မပေးနိုင်လို့... ...... Xiao Zhan ..အမှောင်ရိပ်လေးထဲ တစ်ကိုယ်လုံးပစ်လို့ တိုးဝင်လိုက်တော့မယ်... ..ကောင်းတဲ့လမ်းက ငါချစ်တဲ့သူတွေအတွက် ...